"ကျွန်တော် အဲ့ဆိုင်ကို ရောက်နေပါပြီဆို "
"အင်း သိပြီ အဲ့အခန်းရှေ့ ရောက်နေပြီ ဖုန်း
ချလိုက်တော့မယ်"လိုက်ပို့ပေးတဲ့ Waiter လေးကို ပြုံးပြလိုက်တော့
Waiter လေးက ချက်ချင်းခေါင်းညိမ့်ပြပြီး
ထွက်သွား၏ Doyoung အနည်းငယ်
စိတ်လှုပ်ရှားနေတာတော့ ၀န်ခံရသည်
သူဒီလို မျိုး တခါမှ မကြုံဘူးတဲ့အပြင်
ဒီလို ဒိတ်တာ မျိုးတွေနဲ့ ဝေးနေတာလည်း
ကြာပြီ လေ သူက တံခါးကို အနည်းငယ်
ခေါက်ကာ အသံအရင်ပေးလိုက်ရင်းး
ဖွင့်၀င်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
သူ အပြင်ကို ပြန်မထွက်မိပဲ မနေနိုင်တော့"ဘာ ဘာလဲ သူလား မဖြစ်နိုင်ပါဘူး
ဟုတ်တယ် ဘာလို့ဖြစ်နိုင်မှာလဲ အရူးလား"Doyoung က စိတ်ပြန်တည်ငြိမ်အောင်
လုပ်လိုက်ရင်းး တံခါးကိုပြန်ဖွင့်လိုက်တော့
အရှေ့က ရင်ခွင်ကျယ်နဲ့ တိုက်မိမလိုတောင်
ဖြစ်သွားသည်"၀င်ခဲ့လေ "
တချိန်က ရင်းနှီးခဲ့ဖူးတဲ့ လေသံအေးအေးလေး
ကြောင့် သူက လိုက်၀င်ဖို့ပဲ တတ်နိုင်တော့သလိုပင်
သူတို့က ခု မျက်နှာ ချင်းဆိုင် ထိုင်နေကြတာ
ဖြစ်သည် ဘယ်သူကမှ စကားမပြောကြတာ
ကြောင့် Doyoung ကပဲ စပြောဖို့ဆုံးဖြတ်
လိုက်သည်"ဟိုင်း Jaehyun "
"အင်း မတွေ့ရတာ ကြာပြီ ပဲ hyung "
"အဟား ဟုတ်ပ "
Doyoung က မရယ်ရတဲ့အရာကို
ရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပုံစံ ဖမ်းကာ
စကားပြန်လိုက်၏"Sorry Jaehyun ငါလည်းး
မင်းဖြစ်နေမယ် လို့ မသိခဲ့ဘူး ငါ့ကြောင့်
မင်း Date လေး ပျက်စီးသွားပြီ "Jaehyun က သူ့ကို ဒီတိုင်းပဲ ကြည့်နေတော့
သူအနည်းငယ်တောင် အနေရခက်လာသလိုပင်"အင်း ဟုတ်သားပဲ ဘယ်သူကများ
Blind Date မှာ ရည်းစားဟောင်းနဲ့
ဆုံချင်ကြမှာလဲ "Jaehyun က ထိုစကားကို ပြုံးပြုံးလေးနဲ့
ပြောလိုက်ပေမယ့် မပြုံးနိုင်တာကတော့
Doyoung ပင် ဒါပေမယ့် သူတို့နှစ်ယောက်က
ရည်းစားဟောင်းတွေ ဆိုတာ က အမှန်တရားပဲလေ
YOU ARE READING
My Ex-boyfriend
Fanfiction"ဟုတ်သားပဲ ဘယ်သူကများ ရည်းစားဟောင်း တစ်ယောက်နဲ့ Blind Date မှာ ဆုံချင်မှာလဲ"