3

343 35 0
                                    

အဲ့နေ့က မိုးတွေ အရမ်းသည်းနေခဲ့တာ
Coffee ဆိုင်လေးရဲ့ ထောင့်မှာတော့
လူငယ်ကောင်လေးတစ်ယောက်နဲ့ အမျိုးသမီး
တဦး ထိုင်နေခဲ့ တယ် အဲ့သူတွေကတော့
Doyoung နဲ့ Jaehyun မေမေ ပေါ့

"အန်တီ လိုရင်း ကိုပဲ ပြောပါ့မယ် "

"ဟုတ်ကဲ့"

"Jaehyun က အဲ့က Company မှာ
အလုပ် ရဖို့ က သူ့အတွက် ကြီးမားတဲ့
ရည်မှန်းချက် တခု ဆိုတာ မင်းလည်းသိမှာပါ"

"ဟုတ်"

"သူ ခု မေဂျာကို ရွေးရတဲ့ အကြောင်းအရင်းက
လည်း အဲ့မှာ အလုပ်ရဖို့ ပဲ လေ မင်းလည်း
သူ့ရည်မှန်းချက်တွေကို ဖြစ်စေချင်တယ်မလား"

"ဟုတ်ကဲ့"

"မင်းရော ငါရောက သူ့ရဲ့ ရည်မှန်းချက်တွေကို
ဖြစ်စေချင်ပေမယ့် သူကတော့ အခွင့်အရေးကို
ပစ်ချ ချင်နေတယ် "

Doyoung က အရှေ့က အမျိုးသမီး
ဘာကို ဆိုလိုတယ် ဆိုတာကို နားမလည်ပေ

"အန်တီ ဘာကိုပြောချင်တာလဲ "

"Jaehyun က အဲ့Companyမှာ
အင်တာဗျူး ဖြေမယ့် အစီအစဉ်ကို
ဖျက် ဖို့ တွေးနေတယ် Kim Doyoung "

Doyoung က ဘာမှကို ပြန်မပြောနိုင်ပေ
Jaehyun ဘာတွေစဉ်းစားနေတာလဲ

"သူက ပြောသေးတယ် ဒီမှာလည်း
Company တွေရှိတာပဲ တဲ့ လေ သူကြိုး
စားခဲ့တာတွေကို ဒီမှာပဲ အသုံးချ လည်း
ကိစ္စမရှိပါဘူး တဲ့ မင်းသိလား
သူ ဘာလို့ ဟိုကို မသွား ချင်တော့တာလဲ
ဆိုတဲ့ အကြောင်းပြချက် ကို "

Doyoung က ခုချက်ချင်း နေရာကနေတောင်
ထွက်ပြေးချင်လာပြီး Jaehyun ရှိရာဆီ
ပြေးသွားလိုက်ချင်တော့တာပဲ သိတယ်

"အဲ့အကြောင်းပြချက်က မင်းဖြစ်နေတယ်
Kim Doyoung ငါ မင်းကို ဘာလုပ်
ပေးပါ ဆိုတာမျိုး ဖိအား မပေး ချင်ဘူး
ဒါပေမယ့် Jaehyun က လက်တလှမ်းအလို
ကြမှ လက်လျှော့ချဖို့ လုပ်နေတယ်
မင်းလည်း အဲ့လို မဖြစ်စေချင်ဘူးဆ်ုတာ
ငါသိတယ် သူကတော့ မင်းကို ဒါတွေပြောမှာ
မဟုတ်ဘူး ဒါပေမယ့် ငါကတော့ မင်းကို
သိစေချင်တယ် အန်တီ့ကို ခွင့်ပြုပါဦး "

Doyoung က ထိုအမျိုးသမီး ထွက်သွား
တဲ့ တော်တော်ကြာအထိ ငြိမ်သက်စွာပဲ
ထိုင်နေမိတယ် သူ ဘာလုပ်သင့်လဲ
Jaehyun ကို ဖြောင်းဖြလို့တော့ ရမှာ
မဟုတ်ဘူး Jaehyun က ခေါင်းသိပ်မာတယ်

My Ex-boyfriend Where stories live. Discover now