*163* အေးတိအေးစက်လှည့်ကွက်

7.4K 1.4K 114
                                    

ရုန်ယိ ထိုင်ချလိုက်ပြီး မြေပြင်ပေါ်က ရွှံ့တွေသဲတွေကို ဖယ်ကြည့်လိုက်တဲ့အခါ တစ်လက်မလောက်ရှည်ပြီး တစ်လက်မရဲ့ ၅ပုံတစ်ပုံလောက်ကျယ်တဲ့ အက်ကွဲကြောင်းလေးကို တွေ့လိုက်ရ၏။ သေချာသာအနီးကပ်မကြည့်ရင် ဒါလေးကို ဘယ်သူမှတွေ့နိုင်မှာ မဟုတ်ပေ။

"ညီလေးရေ.. သတိထားဦး. သားရဲတွေက မင်းကို ပစ်မှတ်ထားနေပြီ!"
တစ်ယောက်က စိုးရိမ်စွာနဲ့ ပြောလာသည်။
"သူတို့မင်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်"

ရုန်ယိ ခေါင်းမော့ကြည့်လိုက်တဲ့အခါ မိစ္ဆာသားရဲတွေက သူ့ကို အရှင်လတ်လတ်ဝါးစားပစ်ချင်နေသလိုမျိုး ရက်စက်ခက်ထန်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

"အာာ..."
သူက တအံ့တသြနဲ့ မျက်နှာကျက်ကို လက်ညှိုးထိုးပြလိုက်ပြီး
"ကြည့်စမ်း.. အဲ့တာဘာကြီးလဲ!"

မိစ္ဆာသားရဲတွေရော ကျင့်ကြံသူတွေပါ ခေါင်းတွေမော့ကြည့်လိုက်ကြသည်။ ပါဝင်ပစ္စည်းတွေကလွဲရင် တစ်ခြားဘာမှမတွေ့ကြရပေ။

"တစ်ခုခုရှိလို့လား.. ကျူပ်တော့မတွေ့ဘူး"

"ဟင့်အင်း.. ကျုပ်လည်းမတွေ့ဘူး"

"ငတုံးတွေ.. သူက ဟိုသားရဲတွေကို လှည့်စားနေတာလေ.. ဘာ်လိုလုပ် မင်းတို့ကပါ လှည့်စားခံလိုက်ရတာလဲ"

ကျင့်ကြံသူများ "......"

ရုန်ယိ သူ့ဓားကို ဆွဲထုတ်ကာ ဂူလေးထဲကို တစ်ဟုန်ထိုး ပြန်ပြေးသွားလိုက်သည်။

သူတို့အရူးလုပ်ခံလိုက်ရမှန်း သိသွားတဲ့ သားရဲတွေကလည်း ရုန်ယိဘက်ကို အမြန်လှည့်ကာ စိုက်ကြည့်လာကြပြီး အနီးဆုံးက နှစ်ကောင်က သူ့ဆီပြေးဝင်လာသည်။

သူတို့ ရုန်ယိ လည်ပင်းကို ကိုက်တော့မဲ့အချိန်မှာ ရုတ်တရက် မြည်ဟီးသံကြီးတွေကို ပြန်ကြားလိုက်ရပြီး ထိုသားရဲတွေအကုန်လုံး လူတွေရဲ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားကြတော့သည်။

မြေပြင်တုန်ခါနေမှုက ရပ်တန့်မသွားဘဲ မြေပြင်လေးပိုင်းက တဖြည်းဖြည်းနဲ့ အလယ်ကိုပြန်စုလာကြသည်။ မြေပြင်နဂိုပုံစံပြန်ဖြစ်တာနဲ့ တစ်ချိန်တည်းမှာဘဲ အစီအရင်ကလည်းပျောက်ကွယ်သွားကာ လူတိုင်း သူတို့ ကျင့်ကြံဆင့်တွေ ပြန်ရရှိလိုက်ကြ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now