- 13 -

520 50 2
                                    

Unicode Version

" အခု သူဘာဖြစ်သွားပြီလဲ "

" ဘာမှ ဆိုးဆိုးဝါးဝါးဖြစ်မှာမဟုတ်ဘူး အားနည်းပြီး စွမ်းအားတွေခဏတာလျော့သွားရုံလောက်ပဲရှိမှာ "

" တစ်ခါထဲ သေသွားအောင်လုပ်လို့မရဘူးလား?"

မြို့တော်ဝန်က မကျေမချမ်းရေရွတ်တယ်။ သူဒီကောင်စုတ်လေးတွေကို မြန်မြန်ရှင်းပစ်ချင်နေပြီ။

" ဘယ်လိုလုပ်လို့ရမှာလဲ?နာဂျယ်မင်းက သာမန်လူမှမဟုတ်တာ "

" အဲ့တာဆို လီဂျယ်နိုကိုရော?"

" နာဂျယ်မင်းကိုတောင် အားနည်းသွားရုံလောက်ပဲလုပ်လို့ရတာကို လီဂျယ်နိုကို ဘာလုပ်နိုင်မှာလဲ!"

မီယွန်းက သူမရဲ့နားထင်ကြောတွေကို လက်နဲ့ဖြေလျော့ရင်းပြောတယ်။ အစောကြီးကတည်းက မနိုင်မှန်းသိရက်နဲ့ မြွေပွေးခါးပိုက်ပိုက်ထားခဲ့တဲ့ သူမဘေးကလူကို အမှုန့်ဖြစ်သွားအောင်လုပ်ပစ်ချင်စိတ်ကိုပါထိန်းရတယ်။

လက်စားချေစိတ်တစ်ခုတည်းကြောင့်သာမဟုတ်ရင် ဒီလိုအငုံ့စိတ်တွေနဲ့ပြည့်နှက်နေပြီး ကိုယ့်ညီကိုတောင် သိမ်ငယ်စိတ်နဲ့ပြန်လုပ်ကြံမယ့် လူကိုယူခဲ့မှာမဟုတ်ဘူး။

" အောက်လမ်းတွေ စုန်းအတတ်တွေတောင်တတ်ပြီးတော့ ဒီကောင်လေးနှစ်ယောက်ကို ဘာမှမလုပ်နိုင်ဘူးလား?!"

" ဒီမှာ နာဂျယ်မင်းက နဂိုကတည်းက စုန်းမျိုးနွယ်ကဆင်းသက်လာတဲ့ စုန်းသွေးပါတဲ့လူတစ်ယောက်၊ လီဂျယ်နိုကလည်း ရှင်သိတဲ့အတိုင်းပဲ သေချာလေ့ကျင့်ပေးတာခံထားရတဲ့ ဗန်ပိုင်းယားတစ်ကောင်၊ ကျွန်မက အောက်လမ်းတွေ စုန်းအတတ်တွေကို သင်ထားတဲ့ ဒီအတိုင်းသာမန်လူတစ်ယောက်ပဲ သူတို့တွေကို ဘယ်လိုယှဉ်နိုင်မှာလဲ အသိစိတ်လေးကပ်ပါဦး!"

မီယွန်း‌လေသံမာလာပြီး ဒေါသထွက်လာတာကိုသိသွားတဲ့ မြို့တော်ဝန်က ဘာမှဆက်‌ပြောမနေတော့ပဲ ရှောင်ထွက်သွားခဲ့သည်။

မီယွန်းကြောင့်သာမဟုတ်ရင် သူ့ရဲ့ညီကိုလုပ်ကြံနိုင်ခဲ့မှာမဟုတ်သလို ဒီမြို့တော်ဝန်နေရာကိုလည်းရောက်လာမှာမဟုတ်ဘူး။ ဒီအချက်ကိုတော့ မြို့တော်ဝန်ကောင်းကောင်းနားလည်ပါသည် သူ့ထက်ပိုကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်ပိုများတဲ့ ထိုမိန်းမက သွားမရှုပ်သင့်တဲ့ လူတစ်ယောက်ဆိုတာကို။

Untold FairytaleWhere stories live. Discover now