- 14 -

481 59 0
                                    

Unicode Version

ဂျယ်မင်းပြန်သတိရလာတော့ သူဟာသူ့ရဲ့အိပ်ရာပေါ်မှာပဲ သက်တောင့်သက်သာလှဲနေပြီးသားဖြစ်နေတယ်။ မနေ့ညက သူတို့နှစ်ယောက်လုံး သစ်သားအိမ်လေးကိုပြန်ရောက်ရောက်ချင်း ဂျယ်မင်းက တောထဲမှာဖြစ်ခဲ့သလိုမျိုး မျက်လုံးတွေက အနက်ရောင်ဘက်ကိုပြန်ပြောင်းသွားပြီး နောက်ထပ်တစ်ကြိမ် သတိလစ်သွားခဲ့တာပဲ။ ကြည့်ရတာ ဂျယ်နိုက သူ့ကိုအိပ်ရာပေါ်ရွှေ့ပေးထားတယ်ထင်တယ်။ သူ့အိပ်ရာဘေးက ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့အိပ်ရာပေါ်ကို ခေါင်းတင်ရင်းအိပ်ပျော်နေတဲ့ ဂျယ်နိုကိုတွေ့တယ်။ ဂျယ်နိုက အိပ်ပျော်နေတာတောင် ဂျယ်မင်းရဲ့လက်တွေကို လွတ်ထွက်သွားမှာစိုးတဲ့အတိုင်း အမိအရဆုပ်ကိုင်ထားတယ်။

" အများကြီး ပင်ပန်းခဲ့မှာပဲ..."

အသက်ရှူနှုန်းမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ဂျယ်နိုရဲ့မျက်နှာကိုကြည့်ရင်း သူခပ်တိုးတိုးရေရွတ်လိုက်တယ်။ မာကြောချင်ယောင်ဆောင်နေတဲ့နောက်ကွယ်မှာ အများကြီးပင်ပန်းခဲ့ရမှာကို သူသဘောပေါက်သွားခဲ့တယ်။ အဖေအရင်းဘယ်သူလဲဆိုတာတောင် မသိရတဲ့အပြင်ကိုမှ အဖေအမည်ခံထားတဲ့လူရဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကိုပါ ခံခဲ့ရတာပဲ။

ဂျယ်နိုကို မြို့တော်ဝန်ရဲ့လက်ထဲပေးလိုက်ပြီးတဲ့နောက်မှာ ခေါင်းဆောင်လီက ဂျယ်မင်းကို သားအရင်းတစ်ယောက်လိုသဘောထားခဲ့တယ်။ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းတဲ့ဂျယ်မင်းက သူ့ရဲ့ရင်ဖွင့်ရာဖြစ်လာခဲ့တယ်။ အဲ့တာကြောင့်လည်း ဂျယ်မင်းက မြို့တော်ဝန်တွေရဲ့ ဇာတ်ရှုပ်တွေတော်တော်များများကို သိနေခဲ့တာ။

" သတိရလာပြီလား?"

သူ့ဆံပင်တွေကို ပွတ်သပ်ပေးနေတဲ့ ဂျယ်မင်းရဲ့လက်တွေကို သတိထားမိသွားတဲ့ ဂျယ်နိုက အိပ်နေရာကနေ ချက်ချင်းခေါင်းထောင်လာတယ်။

" အိပ်လိုက်ပါဦး ညကတစ်ညလုံးမအိပ်ပဲ ငါ့ကိုထိုင်စောင့်ပေးထားတာမလား?"

မှေးစင်းနေတဲ့မျက်လုံးတွေကို လက်နဲ့ပွတ်လိုက်ရင်း ဂျယ်နိုက ခေါင်းကိုခပ်လေးလေးငြိမ့်တယ်။ ပြေးကြည့်စရာမလိုတဲ့ အမှန်တရားပါပဲ။ ဂျယ်နိုက သတိမေ့နေတဲ့သူ့ကို ဒီအတိုင်းထားပြီးအိပ်သွားမယ့်လူမဟုတ်ဘူး။

Untold FairytaleWhere stories live. Discover now