- 18 -

554 63 21
                                    

Unicode Version

" နေလို့ကောင်းတယ် "

ရုတ်တရက်ပုခုံးထက်ကိုမှီကျလာတဲ့ အထိအတွေ့တစ်ခု။ စိတ်ထဲမှာ သက်သာရာရသွားတယ်။ အနေစိမ်းခဲ့ပေမယ့် ကြာလာတော့ဂျယ်နိုရဲ့ ပွတ်သီးပွတ်သပ်နိုင်မှုက တဖြည်းဖြည်းနဲ့ သူ့အတွက်နေသားကျလာခဲ့ပြီ။

" ဘယ်လိုဖြစ်နေတာလဲ ကျောရိုးမပါဘူးလား? တည့်တည့်မတ်မတ်နေစမ်းပါ "

ဘယ်လိုပဲနေသားကျတယ်ပြောပြော ကျောရိုးမဲ့သတ္တဝါကြီးတစ်ကောင်လို သူ့အပေါ်ကိုပစ်ပြီးမှီတွယ်နေတာတော့ သိပ်မဟုတ်သေးပါဘူး။

" အခုတလော အရင်လိုအားနည်းတာမျိုးပြန်ဖြစ်သေးလား? "

တစ်ကိုယ်လုံးမှီထားရုံတင်အားမရလို့ လက်နှစ်ဖက်ပါ သူ့ရဲ့ခါးပေါ်မှာချိတ်တွယ်ထားလိုက်သေးတယ်။

" အခုတလောတော့ သက်သာနေသေးတယ်ပြောရမယ် "

သူ့ရဲ့စကားကြောင့် ပုခုံးပေါ်မှာခေါင်းတင်ထားတဲ့ ဂျယ်နိုက သူ့ကိုခေါင်းထောင်ကြည့်လာတယ်။ မျက်မှောင်တို့ကလည်း အနည်းငယ်တွန့်ချိုးနေတယ်။

" သက်သာနေသေးတယ်ဆိုတာ ဘယ်လိုစကားကြီးလဲ? "

" ဘယ်အချိန်ပြန်ဖြစ်မလဲမှမသိတာ အဲ့တော့ အခုထိသက်သာနေသေးတာပဲပေါ့ "

" စကားပြောတာလည်း ငါ့ကိုဆို အမြဲဘောက်ဆတ်ဆတ်နဲ့ "

မှုန်ကုပ်ကုပ်နဲ့ဂျယ်နိုက နှာခေါင်းရှုံ့ရင်းပြောတယ်။

" ငြိုငြင်တာလား? "

အဖြေကိုသိသိရက်နဲ့ သူမေးလိုက်တယ်။ ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီးတဲ့နောက် ကွေးညွှတ်လာတဲ့နှုတ်ခမ်းတွေက မျှော်လင့်ခြင်းကို အနက်အဓိပ္ပါယ်ဖွဲ့တယ်။

" ဟင့်အင်း...ချစ်တာ "

လေတိုးသံသဲ့သဲ့ အဖြေစကားရဲ့အနောက်မှာ လိပ်ပြာတွေရဲ့ တောင်ပံခတ်သံကိုသူကြားလိုက်မိသလိုပဲ။

Untold FairytaleWhere stories live. Discover now