Part (2)

517 85 5
                                    

ရှောင်းကျန့်က ပွဲတစ်လျှောက်လုံး ဝမ်ရိပေါ်ကိုသာ ကြည့်နေသဖြင့် အန်းရှီက မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။

"ရှောင်း...ဝမ်ရိပေါ်ကို မင်းအတွက် စိတ်လှုပ်ရှားစရာတစ်ခုလို့ဘဲ သတ်မှတ်ထားရင် ရှေ့ဆက်မတိုးနဲ့"

"ဟင့်အင်း...သူက ငါ့အတွက် စိတ်လှုပ်ရှားစရာတစ်ခုထက် ပိုတယ်"

"ဟေ့...မင်းချစ်မိသွားတယ်လို့တော့ မပြောနဲ့နော်"

"ဖြစ်နိုင်ပါတယ်"

ရှောင်းကျန့်က ပြုံးပြီးပြောလိုက်ကာ တစ်နေရာကို ထသွားတော့သည်။အန်းရှီကြည့်လိုက်တော့ တစ်ယောက်တည်းထိုင်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။

ယွီချင်းဟော်က သန့်စင်ခန်းသွာနေဟန်ရသည်။အန်းရှီ မကြာခင်မှာ သူ့အသက်ပိုတိုတော့မယ်လို့ ခံစားလိုက်ရသည်။ယွီချင်းဟော်က ကြည့်ရင်သာ နူးညံ့ဟန်ရသော်လည်း ပြိုင်ဆိုင်လိုစိတ်ပြင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။

ရှောင်းကျန့်နဲ့သူမသာ ထိပ်တိုက်တွေ့လိုက်ရင် သူ့မွေးနေ့ပွဲက ပျက်ဆီးသွားနိုင်သည်။ထို့ကြောင့် သူမပြန်မလာခင် ရှောင်းကျန့် အဲ့အနားက ပြန်လာပါစေလို့သာ ဆုတောင်းနေလိုက်သည်။

အန်းရှီတွေးပူနေတာတွေကို မသိသည့် ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ဘေးမှာဝင်ထိုင်လိုက်သည်။သူထိုင်လိုက်တာနဲ့ ဝမ်ရိပေါ်က သူနဲ့ဝေးရာရွေ့သွားလေသည်။ရှောင်းကျန့် ခေါင်းလေးစောင်းကာ ပြုံးလိုက်ပြီး

"ကျွန်တော်မထင်ထားဘူး...ခင်ဗျားကျွန်တော့်ကို ကြောက်နေမယ်လို့လေ"

သူတို့ထိုင်နေသည့်နေရာက တီးလုံးသံတွေကို သိပ်မကြားရတာကြောင့် ရှောင်းကျန့်စကားကို ဝမ်ရိပေါ်သေချာကြားလိုက်သည်။

"ကိုယ်က?မင်းကိုယ်မင်း သိပ်အထင်ကြီးနေတာဘဲ"

ရှောင်းကျန့် ထပ်ပြီးဝမ်ရိပေါ်ဘေးကိုရွေ့လိုက်ကာ

"ဒါဆို ထိုင်နေတဲ့နေရာကို မရွေ့သင့်ဘူးနော်"

ဝမ်ရိပေါ်က နေရာထပ်မရွေ့သွားတော့ပေ။ထို့ကြောင့် ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ထိအောင် တိုးကပ်လိုက်ပြန်သည်။ ဝမ်ရိပေါ်က ဒေါသထွက်သွားပြီး ရှောင်းကျန့်အင်္ကျီကို ဆုပ်ဆွဲကာ စိုက်ကြည့်လိုက်သည်။

CilantroWhere stories live. Discover now