Part (8)

337 63 3
                                    

သိပ်မကြာခင်မှာဘဲ သတင်းက hot searchထဲ ရောက်သွားတော့သည်။ကောင်းရှန့်က အမြန်ဘဲ သူတို့ဘယ်လောက်ဖျက်ဖျက် လိုက်တင်နေသည့်အဖွဲ့ရှိကြောင်း ဝမ်ရိပေါ်ကို တင်ပြလိုက်သည်။

ဝမ်ရိပေါ်က ဒီစကားကြားတာနဲ့ ဘယ်သူ့လက်ချက်မှန်း တန်းသိလိုက်ပါသည်။ထို့ပြင် ရှောင်းကျန့်ရဲ့ ရည်ရွယ်ချက်ကိုလည်း ရိပ်မိလိုက်သည်။ရှောင်းကျန့်က ယွီချင်းဟော်လို အမြဲသူများတွေ ချီးမွမ်းခံရသည့်မိန်းကလေးအတွက် လူကြားထဲ အတင်းအဖျင်းအပြောခံရလောက်သည်အထိသာ ရည်ရွယ်ထားတာဖြစ်သည်။

အဓိကက ယွီချင်းဟော်တည်ဆောက်ထားသည့် သိမ်မွေ့ညင်သာသည့်ပုံစံကို ဖျက်ဆီးပစ်ခြင်းသာဖြစ်သည်။ဒါက အသက်အန္တရာယ်ကော မိသားစုတွေရဲ့စီးပွားရေးကော မည်သည်ကိုမှ ဒုက္ခမရောက်စေနိုင်တာကြောင့် ဝမ်ရိပေါ်တစ်ယောက် ကောင်းရှန့်ကို ရပ်ခိုင်းလိုက်သည်။

သတင်းက တစ်ပတ်လောက်နေရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် အရမ်းကြီးအာရုံစိုက်စရာကိစ္စ ဟုတ်မနေပေ။

ဝမ်ရိပေါ်တို့ဘက်က လိုက်ဖျက်မနေတာကြောင့် သာမန်ပြည်သူတချို့တောင် သိကုန်ကြသည်။သို့သော် ချမ်းသာသည့်အသိုင်းအဝိုင်းတွေကလို ယွီချင်းဟော်ဆိုတာ ဘယ်သူမှန်းမသိကြတာမို့ သာမန်ကာလျှံကာပင် commentမျိုးစုံ ရေးကြတော့သည်။
..........

ယွီချင်းဟော်ကတော့ သူမ hot search ထဲရောက်သွားထဲက ဒေါသပုန်ထနေကာ ဝမ်ရိပေါ်ဆီ ဖုန်းဆက်လိုက်သည်။

[ရိပေါ်....hot searchက ဘယ်လိုဖြစ်တာလဲ]

[တစ်ပတ်လောက်နေရင် ပျောက်သွားလိမ့်မယ်...စိတ်ပူမနေနဲ့]

[မဟုတ်သေးဘူးလေ....ကျွန်မအတွက် ရှင်အဲ့တာတွေကို ဖျက်ပေးမှရမှာပေါ့]

[ဘာလို့ကိုယ်က ဖျက်ပေးရမှာလဲ...မင်းရှုပ်ထားတာလေ...ပြီးတော့ ကိုယ့်ကို အကြောကြီးနဲ့ လာမပြောနဲ့...ကိုယ်က မင်းခိုင်းလို့ရတဲ့သူ မဟုတ်ဘူး...ဒီကိစ္စ ဒီမှာတင် ထားလိုက်တော့...ကိုယ်မအားဘူး...ဖုန်းချပြီ]

ယွီချင်းဟော်မှာ ဒေါသထွက်နေပေမဲ့လည်း ဝမ်ရိပေါ်ရဲ့အေးစက်သောအသံကြောင့် ခဏတော့ ကြောက်လန့်သွားသည်။သို့သော် ဖုန်းချပြီးချိန်မှာတော့ သူမအခန်းထဲက ပစ္စည်းတွေကို အော်ဟစ်ဖျက်ဆီးတော့သည်။

CilantroOpowieści tętniące życiem. Odkryj je teraz