Part (4)

355 58 0
                                    

ရှောင်းကျန့်တစ်ယောက် သူ့မိသားစုဆီက ခွင့်ပြုချက်ရပြီးပြီမို့ ဘာမှစိုးရိမ်စရာမရှိတော့ပေ။ထို့ကြောင့် တစ်ပတ်တိတိ ဝမ်ရိပေါ်အကြောင်းကို ခရေစေ့တွင်းကျ စုံစမ်းတော့သည်။

မနက်ခင်းကနေ ညနေရုံးဆင်းပြီး ဘယ်သူဘယ်သူတွေနဲ့ တွေ့တယ်ဆိုတာကအစပင်။အရင်ကဆို တစ်စုံတစ်ယောက် စောင့်ကြည့်တယ်ဆိုတာမျိုးက သူ့ကို ပျင်းရိစေသည်။အခုတော့ ယောင်လို့တောင် ပျင်းတယ်လို့ မတွေးမိပေ။

တစ်ပတ်လုံး စုံစမ်းပြီးနောက် ရှောင်းကျန့်က ဝမ်ရိပေါ်ကို စတင်ပိုးပန်းတော့သည်။ပထမဦးဆုံးအနေနဲ့ ဝမ်ရိပေါ်ရဲ့ကုမ္ပဏီရုံခန်းကို လက်ဆောင်ပို့ပေးလိုက်သည်။

ရှောင်းကျန့် သူ့ရဲ့အသစ်ဆိုးထားတဲ့ ဆံပင်အနီရောင်လေးနဲ့ ပြိုင်ကားအနီပေါ်တွင်ထိုင်ကာ မနီးမဝေးက ဝမ်ရိပေါ်ကုမ္ပဏီကို စောင့်ကြည့်နေသည်။သူပေးလိုက်တဲ့ လက်ဆောင်လေး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပေါ့။

.........

ဝမ်ရိပေါ် သူ့ရဲ့ရုံးခန်းထဲမှာ အလုပ်လုပ်နေစဥ် သူ့ရဲ့အတွင်းရေးမှူး ကောင်းရှန့်က လက်ဆောင်ရောက်နေသည်ဟု ပြောလာသည်။

"ဘယ်သူပို့တာလဲ"

"ပို့တဲ့သူနာမည်မပါပါဘူး သူဌေး"

"ဒါဆိုလည်း လွှင့်ပစ်လိုက်"

"ဟုတ်ကဲ့"

ကောင်းရှန့်က လက်ဆောင်ဗူးကိုယူကာ ထွက်သွားရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်က ခဏစဥ်းစားကာ

"နေဦး...ငါကြည့်ကြည့်ဦးမယ်"

"ဟုတ်ကဲ့"

ဝမ်ရိပေါ် လက်ဆောင်ဗူးကို ကြည့်လိုက်တော့ ဗူးက သိပ်မကြီးပေ။ဖွင့်လိုက်ချိန်မှာ ထိုဗူးထဲကနေ ဗူးအသေးလေးတစ်ခုကို တွေ့လိုက်ရသည်။ထိုဗူးအသေးလေးအပြင် ဖဲပြားဖြင့် စည်းထားသော စိမ်းစိုနေသည့်နံနံပင်တွေနဲ့ စာကတ်လေးတစ်ခုကိုလည်း တွေ့လိုက်ရသည်။

ပုံမှန်မဟုတ်သည့်ပုံစံ​ကြောင့် ဝမ်ရိပေါ်မျက်ခုံးတို့ တွန်းချိုးသွားသည်။ဗူးအသေးလေးကို ဖွင့်လိုက်တော့ စုံတွဲလက်စွပ်နှစ်ကွင်းဖြစ်နေသည်။ဘယ်သူကမှ စနောက်ပြီး ဒီလိုပစ္စည်းမျိုး သူ့ကို ပေးရဲမှာမဟုတ်ပေ။

CilantroWhere stories live. Discover now