Part (5)

386 67 2
                                    

ရှောင်းကျန့်က ဝမ်ရိပေါ်လို ထက်မြတ်တဲ့သူဆီမှာ တုံးတုံးအအ အတွင်းရေးမှူးလေးရှိမယ်လို့ ထင်မထားမိပေ။သူစုံစမ်းရသလောက်က ဝမ်ရိပေါ်ရဲ့အတွင်းရေးမှူးက အလုပ်ကိစ္စမှန်သမျှကို မြန်မြန်ဆန်ဆန်နဲ့ ထက်ထက်မြတ်မြတ်ဆောင်ရွက်တတ်သောသူဖြစ်သည်။အခု ကြည့်ရသလောက်တော့ ကောင်းရှန့်က အလုပ်ကိစ္စတွေမှာ ထက်မြတ်ပါသော်လည်း အခြားကိစ္စတွေမှာ တုံးသည့်ပုံရသည်။

"အတွင်းရေးမှူးကောင်း...မင်းပြန်ရောက်ရင် မင်းသူဌေးကို ငါပြောတဲ့စကားတွေကို ပြန်ပြောလိုက်ဦးနော်"

"ဘာလို့လဲ...ကျွန်တော်သာ ပြန်ပြောရင် သူဌေးက မင်းကို ပိုပြီးတော့တောင် မုန်းသွားဦးမှာကို"

"မင်းမသိဘူးလား...ချစ်ခြင်းအစ မုန်းခြင်းကတဲ့...သူအခုငါ့ကို မုန်းတယ်ဆိုတာက နောင်ကျရင် ချစ်လာမှာမို့လို့လေ"

"ရှောင်းသခင်လေးရဲ့ အတွေးအခေါ်တွေက ဘယ်လိုလဲဆိုတာ ကျွန်တော်သေချာမသိပေမဲ့ သေချာတာတစ်ခုကတော့ သူဌေးက မင်းလိုပုံစံမျိုးကို မကြိုက်တာတော့ ကျိန်းသေတယ်"

"ဟုတ်လား...ဒါဆို မင်းသူဌေးကို ငါ့လိုမျိုး လူတစ်ယောက်က လိုက်ဖူးလား"

"အဲ့တာကတော့ မင်းက ပထမဦးဆုံးလို့ဘဲ ကျွန်တော်ထင်တယ်"

"ဒါဆို မင်းသူဌေးက ငါ့လိုပုံစံမျိုးကို ကြိုက်နိုင်သေးတာဘဲ"

ကောင်းရှန့် သူ့မှာ ပြန်ပြောစရာစကားမရှိတော့ပေ။သူ့သူဌေးအစားတောင် ရင်လေးမိသည်။ကြာကြာနေလျှင် သူ့ကိုယ်သူပါ ရင်လေးမိသဖြင့် ထွက်သွားရန် ပြင်ရတော့သည်။

"ဟို...ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ သွားခွင့်ပြုပါဦ"

"ဟုတ်ကဲ့...သွားပါဗျ...နောက်ငါးမိနစ်နေရင် တွေ့ပါဦးမယ်နော်"

"ဟမ်"

ကောင်းရှန့်ရဲ့ မလှမ်းရသေးတဲ့ခြေလှမ်းလေး​တောင် ရပ်သွားရသည်။ရှောင်းကျန့်က သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြကာ သူ့ရဲ့ပြိုင်ကားကိုမောင်းပြီး ကုမ္ပဏီရဲ့ ကားပါကင်ထဲကို ဝင်သွားတော့သည်။

CilantroWhere stories live. Discover now