Chapter 9

1.6K 286 47
                                    

Unicode

ဘာလို့လည်းမသိပေမယ့်အဲ့ဒိကောင်လေးကို ကျွန်တော်ကြောက်တယ်... သိပ်ကိုချစ်ဖို့ကောင်းပေမယ့်၊ သိပ်ကိုလိမ္မာပြီး သိပ်ကိုအားကိုးရပေမယ့်
အဲ့ဒိကောင်လေးကို ကြောက်တဲ့စိတ်ကဖျောက်​ဖျက်မရ ... ဘာလို့များပါလိမ့် ~ Hope

အတ္တကြီးကြီးနဲ့ဆွဲထားတဲ့ကြိုးတစ်ချောင်းဟာ ကိုယ့်ဆီတော့ပြန်ရောက်လာပါရဲ့ ...
မျိုချခဲ့တဲ့မေ့ဆေးတစ်ချို့တစ်ဝက်ကြောင့်ချက်ချင်းမမှတ်မိခဲ့ပဲ ထပ်ပြီးနာကျင်စေခဲ့ရင်မောင့်ကိုခွင့်လွှတ်ပါအချစ်ရယ် ... မင်းကိုထွေးပွေ့နိုင်တဲ့အချိန်တွေကျ မောင်ကမင်းရဲ့နာကျင်မှုအားလုံးကိုခံစားပေးမယ် ~ Kim V

🍀🍀🍀

2004 July

" သားနဲ့သမီးအတွက် ကိုကိုတစ်ယောက်ခေါ်လာတယ် ... နှုတ်ဆက်လိုက်ကြဦး "

ရွှင်မြူးနေတဲ့မေမေ့အသံကြောင့် ကျွန်တော်တို့
နှစ်ယောက်သားအရုပ်တွေဆက်နေရာကနေမော့ကြည့်လိုက်တော့ သူတို့ဧည့်ခန်းထဲကိုရောက်နေပြီးဖြစ်တဲ့ခပ်သေးသေးကောင်လေးတစ်ယောက် ...
ကိုကို သာဆိုတယ်ခုနှစ်နှစ်သား Kim V နဲ့လူကောင်တူတူလောက်သာရှိပြီးခေါင်းကိုလည်းတွင်တွင်ငုံ့ထားသေးသည်။

" Hi ~ I'm Julia ... Call me Julie "

" သားကြီး Hope ... ဒါကသားရဲ့ညီလေးနဲ့ညီမလေး ... ညီလေးနာမည်က Kim V , ညီမလေးနာမည်က Julia တဲ့ သူတို့ကအမွှာတွေ "

မိတ်ဆက်ပေးလိုက်တဲ့စကားအဆုံးမှာ ဖြည်းဖြည်းချင်းမော့လာတဲ့မျက်နှာကို Kim V
စိတ်ဝင်တစားနဲ့မလွတ်တမ်းကြည့်နေမိသည်။
မြင်လိုက်ရတဲ့မျက်နှာဖောင်းဖောင်းလေးဟာ ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်မျက်နှာရှိပေမယ့် မျက်လုံးတွေကအံ့ဩစရာကောင်းလောက်အောင်မီးခိုးရောင်သန်းကာမှုန်မှိုင်းနေတော့ ဘာကြောင့်ရယ်မသိ ဝမ်းနည်းစိတ်ကဝင်ရောက်လာသည်။

" ဟယ် ..... ဟယ် လို ... "

" ငါ့နာမည်က V ... Kim V ...
လာ တူတူဆော့ရအောင် .......... Hope "

ကိုယ်တိုင်မသိလိုက်ခင်မှာပင်နေရာကထကာ
ထိုကောင်လေးရဲ့လက်ကိုဆွဲပြီးစကားတွေပြောမိတော့သည်။ ဒီမျက်လုံးမှိုင်းမှိုင်းတွေကိုသူမုန်းလိုက်တာ ... အတူကစားပေးလိုက်ရင်မျက်လုံးတွေများအရောင်တမျိုးပြောင်းသွားမလား ?

Paperwhite (Narcissus)Where stories live. Discover now