Chapter 20

1.4K 218 27
                                    

Unicode 

" ပေါင်မုန့်ကြက်ဥကြော်စားချင်လား Hoseok? "

" အင်း ... မှာလိုက်ကြရအောင် "

" မောင် လုပ်ပေးမယ်လေ "

" ဟက် ... ရေခဲသေတ္တာထဲမှာ ဝိုင်နဲ့ရေဘူးပဲရှိမယ် "

လုပ်ယူထားတာမဟုတ်တဲ့ ဟက်ကနဲရယ်လိုက်သံလေးဟာသိပ်ကိုချစ်ဖို့ကောင်းနေတာကြောင့်
သူခပ်တည်တည်ကြည့်မိတော့ဝိုင်းစက်သွားတဲ့မီးခိုးရောင်မျက်ဝန်းလေးတွေ ... 
တိတိကျကျပြောရပါလျှင် အရင်တုန်းကထက်
ပိုမှုန်မှိုင်းနေတဲ့မျက်ဝန်းတွေ ...

အပြင်ထွက်ဖို့ကြံနေတဲ့ကောင်လေး အိပ်ခန်းတံခါး
မဖွင့်ခင် နောက်ကနေသိမ်းဖက်လိုက်တော့
သူ့လက်ဖျံတွေကြားမှာပျောက်လုနီးပါးဖြစ်သွားတဲ့ခါးလေးက အရပ်ရှည်ရှည်ယောကျာ်းလေးတစ်ယောက်အတွက်သေးလွန်းတယ်လို့ခံစားမိသည်။ 

" ခါးကဘယ်နှလက်မလဲ Hoseok ? "

လွှတ်ကနဲထွက်သွားတဲ့မေးခွန်းနဲ့အတူ နားရွက်ဖျားလေးတွေရဲသွားတာမြင်တော့ တစ်ခါမှမခံစားဖူးတဲ့စိတ်ကျေနပ်ခြင်းကရင်ထဲနေရာယူလာ၏။ 

ဒီကောင်လေးနဲ့ 12 နှစ်ဝေးကွာခဲ့ရပြီး ပြန်ဆုံတဲ့အချိန်မှာ ဘယ်အရာကိုမှအလောတကြီးမလုပ်သင့်ဘူးဆိုပေမယ့် သူ့အတွေးတွေက Hoseok နဲ့အခြေအနေတစ်ခုဆီကိုရောက်နှင့်ပြီးဖြစ်သည်။
ဒါကြောင့်ပဲ သူ့ကိုယ်သူ မောင် လို့တောက်လျှောက်သုံးနှုန်းနေမိခြင်း။ အရင်ဘ၀ကမှားယွင်းခဲ့ခြင်းတွေကို နောင်တရစွာပြုပြင်ချင်တဲ့စိတ်ကြောင့်လည်း
ပါပေမယ့် Hoseok ချစ်တဲ့ မောင်' ဖြစ်ရခြင်းကို
သူတဆိတ်နှစ်သက်လွန်းသည်။ 

" 2 ... 26 လက်မ "

" အစာအိမ်ရောရှိရဲ့လား ... ဟင်~ "

ငွေမှင်ရောင်ဆံပင်တွေနဲ့ခေါင်းလုံးလေးပေါ်မေးတင်ရင်းပြောလိုက်တော့ ဗိုက်ကိုလာထိတဲ့တံတောင်ဆစ်တစ်ဖက် ... 

" မဟုတ်တာတွေမပြောနဲ့ ... အပြင်ထွက်ရအောင် Taehyung ... ငါ လေရှူချင်လို့ "

ဖလန်နယ်ညအိပ်ဝတ်စုံထူကိုဝတ်ထားတဲ့
ကောင်လေးကထိုသို့ပြောတော့ သူကုတ်အကျီကိုဆွဲယူလိုက်သည်။ ဒီခန္ဓာကိုယ်လေးကိုလေစိမ်းတိုက်မှာ
စိတ်ပူသလို Mrs. Ford က Hoseok အအေးဒဏ်မခံနိုင်​ဘူးလို့ပြောထားတာကြောင့် သူစိတ်မအေးနိုင်ပါ။ 

Paperwhite (Narcissus)Onde histórias criam vida. Descubra agora