Chapter 21

1.4K 200 31
                                    

Unicode

" မင်းနေရာဝေးလိုက်တာ ... "

" Gangnam ဖက်ရောက်သွားလို့ Hoseok ရဲ့ ...
ဒီနေရာကဟန်မြစ်ရဲ့တောင်ဖက်ပိုင်းမှာရှိလို့ Gangnam လို့ခေါ်တယ် ... ရှုခင်းတွေလှတယ် ။ မောင် နေတာ Gangnam ရဲ့ Samsung-dong  မှာ ...  မင်းအခုနေ နေတဲ့ဟိုတယ်နဲ့ဆိုရင်တစ်နာရီလောက်တော့မောင်းရတာပေါ့ ...
ပြောရင်းနဲ့ရောက်ပြီ။ ခဏလေး ~
ကားပေါ်ကမဆင်းခင် ဒါတစ်ချက်ဝတ်လိုက် "

လူချမ်းသာတွေပဲနေတယ်လို့ထင်ရတဲ့ရပ်ကွက်က Apartment ထဲ ကားဝင်လာတည်းကရှင်းပြနေရာကနေ Parking lot ထဲရောက်လို့ ကားစက်သတ်တော့ Zipped Hoodie တစ်ထည်ကိုကမ်းပေးလာတာကြောင့် သူနားမလည်စွာကြည့်လိုက်မိသည်။ 

" မိုးတွေတအားရွာတော့ အေးနေလို့ဝတ်ခိုင်းတာ ... ဝတ်လိုက်နော် ... မောင်လည်းအနွေးထည်ဝတ်ထားတယ် ။ ခေါင်းစွပ်ပါစွပ်ထားလိုက် "

လာတဲ့လမ်းတစ်လျှောက်မှာ တကယ်လည်းမိုးတွေသည်းသည်းမည်းမည်းရွာနေတာမို့ဘာမှမပြောပဲ Hoodie ကိုယူဝတ်လိုက်တော့ အကျီနဲ့တွဲလျှက်ခေါင်းစွပ်ကိုပါဆွဲတင်ပေးလာပုံက ကိုယ့်ကိုတစ်ယောက်ယောက်မမြင်စေချင်သလိုမျိုး။

ကားအပြင်ကိုခြေချလိုက်တာနဲ့တကယ်ကိုစိမ့်အေးနေတာမို့ လက်ပိုက်ထားမိတော့အနားကိုချက်ချင်းရောက်လာတဲ့အနွေးဓါတ်ကလုံခြုံမှုကိုပေးစွမ်းသည်

" မောင်နေတာ 18 လွှာမှာ ... "

ဓါတ်လှေကားခေါ်တဲ့ခလုတ်ကိုနှိပ်ရင်းပြောပြသူဟာတည်ငြိမ်စွာပင် သူ့လက်ကိုဆွဲကိုင်ထားတာ ရုန်းခွင့်တောင်မရသလို ဘေးမှာလာရပ်ပြီး မှတ်မိသလိုကြည့်တဲ့အိမ်နီးချင်းတချို့ကိုလည်းဂရုစိုက်ပုံမရ။ 

" ကားပေါ်မှာမေးလာတဲ့စာတွေမှတ်မိလား? "

" အင်း မှတ်မိတယ်။ အများကြီးမှမဟုတ်တာ ... "

ရုတ်တရက်ဖြစ်ပေါ်လာတဲ့အမည်မသိစိတ်လှုပ်ရှားမှုကြောင့်ခေါင်းငုံ့ကာဖြေလိုက်တော့အနားကိုပိုတိုးစေကာ တွဲလက်ကိုမဖြုတ်ပဲပခုံးကိုသိုင်းဖက်လိုက်တဲ့အခါ Taehyung ဘယ်ဖက်လက်က သူ့ရင်ဘတ်ပေါ်မှာ ... 

Paperwhite (Narcissus)Where stories live. Discover now