Chapter 23

1.1K 158 36
                                    

Unicode

" Hoseok~ အခန်းပြင်မထွက်ပဲနေနေတယ်ဆို
ဘာဖြစ်လို့လဲ ? "

အခန်းတံခါးဖွင့်သံနဲ့အတူနားစည်ကိုရိုက်ခတ်လာတဲ့ မေးခွန်းကြောင့် မှတ်စုစာအုပ်လေးကိုသဘောတကျကြည့်နေရာကနေ မော့ကြည့်လိုက်သည်။

" ပြန်ရောက်လာပြီလား Taehyung~ "

သူနဲ့ Book Tour တစ်လျှောက်အတူလိုက်ပါနိုင်အောင်အလုပ်ကြိုးစားနေတဲ့ Taehyung ဟာ ကိုယ်ပိုင်အလုပ်ကိစ္စနဲ့ပတ်သတ်ပြီဒီရက်ပိုင်းမကြာခဏအပြင်ထွက်ရတတ်သည်။
ထွက်တိုင်းလည်းဘယ်သွားမလဲဆိုတာ သူ့ကိုအသိပေးသွားတဲ့အတွက် Hoseok ,
accident ဖြစ်တဲ့ရက်ကလောက် စိတ်ပူပန်တာမျိုးမဖြစ်မိတော့။

" အင်း~ အလုပ်တွေအဆင်ပြေတယ် ...
နောက်နှစ်ရက်လောက်ဆို မောင် Hoseok နောက်လိုက်ခဲ့လို့ရပြီ "

ဒီနေ့ခင်းလက်မှတ်ထိုးပွဲပြီးတာနဲ့ ညနေလေယာဉ်ကနေတဆင့် ဂျပန်ကိုဦးတည်ရမည်ဖြစ်တာကြောင့် Taehyung ကသူ့ကိုအသိပေးခြင်းဖြစ်သည်။

" ငါ Felix ကိုမင်းနဲ့ချန်ခဲ့မယ် "

" မလိုပါဘူး Hoseok ရယ် ...
မင်းလေးကမောင့်ထက်ပိုအရေးကြီးတယ် ။
မောင်ကအလုပ်ကိစ္စဖြတ်ရုံပဲ ...
သင်တန်းရယ် ပြခန်းရယ်မှာပဲရှိမှာ "

" ဒါပေမယ့် စိတ်မချဘူး ...
ဟို အမျိုးသမီးကဘယ်လောက်ထိလုပ်နိုင်လဲ
ဆိုတာ ငါတို့မသိဘူးလေ ~ "

ရုတ်တရက်ဆို့တတ်လာတဲ့ကြောက်ရွံ့စိတ်ကိုမြိုချရင်းစာအုပ်ကိုငုံ့ကြည့်ကာပြောတော့ မွှေ့ရာက အလေးချိန်တစ်ခုကြောင့်လှုပ်ရှားသွားတာနှင့်အတူ ဒီရက်ပိုင်းရင်းနှီးခွင့်ရလာတဲ့ နွေးထွေးမှုကပါးပြင်နှစ်ဖက်လုံးကိုအုပ်မိုးလာသည်။

" Steve ကမောင်နဲ့အတူရှိလိမ့်မယ်။ ပြီးတော့
မင်းကိုမောင်ကာကွယ်သလို မောင့်ကိုယ်မောင်လည်းကာကွယ်မယ်လို့ကတိပေးမယ်။ ဒီကောင်က မင်းနဲ့အချိန်အကြာကြီးအတူရှိချင်နေတဲ့ဟာ
ကိုယ့်ကိုကိုယ်တစ်ခုခုအဖြစ်ခံပါ့မလား ... "

ချော့မော့ပြောဆိုလာတဲ့လူသားကိုမော့ကြည့်လိုက်တော့မျက်ကပ်မှန်ချွတ်ထားတဲ့ အညိုရင့်နဲ့လိမ္မော်ရောင်မျက်လုံးတွေဟာ Hoseok ကိုဆွဲငင်နိုင်လွန်းသည်။ ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ မျက်ခွံတွေပေါ် နှုတ်ခမ်းနဲ့အသာထိတွေ့တော့ Taehyung ရဲ့အပြုံးကိုခံစားမိရဲ့ ။

Paperwhite (Narcissus)Where stories live. Discover now