part7

2.7K 63 0
                                    

ယင်းမာကိုလိုအပ်သည့်ပစ္စည်းဝယ်ခိုင်းပြီးစံကားပေါ်မှာပဲစောင့်နေလိုက်သည်။ပစ္စည်းသယ်ရန်ဒရိုင်ဘာဦးမြိုင်ပါလိုက်သွားသည့်အတွက် ကားပေါ်မှာစံတစ်ယောက်ထဲ..
ပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်ကာဟိုရွေ့ဒီရွေ့လုပ်နေလိုက်သည်။

ထိုစဥ်..
"သူခိုး..သူခိုး..သူခိုး"

"လိုက်ဟေ့..လိုက်"

စံအသံကြားနေရသော်လည်းကိုယ်နှင့်မဆိုင်သည်မို့ဖုန်းသာဆက်ကြည့်နေတော့သည်။

ထိုစဥ်ကားထဲသို့ လူတစ်ဦးဝင်လာသည်။
ယင်းမာအထင်နှင့်စံကြည့်လိုက်တော့လူစိမ်းတစ်ယောက်...။
စံရုတ်တရက်မို့လန့်သွားကာ

"ရှင်..ရှင်ဘယ်သူလဲ..ဒါ..ဒါ ဘာလုပ်တာလဲ ခုဆင်း"

"ကျွန်တော်အရမ်းအရေးကြီးနေလို့ပါ"

စံသူ့ပုံကိုကြည့်လိုက်သည်။ချွေးတွေသံတွေနဲ့..
တစ်ဆက်ထဲမှာပဲစံခေါင်းထဲကိုအလင်းတစ်ခုဝင်ရောက်လာသည်။
စောဏကလူတွေရဲ့အော်သံ..
"ရှင်..ရှင်..သူခိုးမလား"

"မဟုတ်..မဟုတ်ပါဘူးဗျာ.အထင်လွဲနေတာပါ ကျွန်တော်ရှင်းပြ ပါရစေ"

"အို..မရှင်းပြနဲ့ ခုဆင်းစံအော်လိုက်မှာနော်"

ရုတ်တရက်ပါးစပ်ကိုသူ့လက်နဲ့ပိတ်တာခံလိုက်ရသည်။ စံကြောက်အားလန့်အားနှင့်ရုန်းသော်လည်းမရ...

"ကျွန်တော်တောင်းပန်ပါတယ်.မင်းကိုအန္တာရာယ်မပေးပါဘူး နောင်တွေ့တော့မှပဲရှင်းပြတော့မယ်"

"လိုက်..ဟေ့ ဒီနားမှာပဲပျောက်သွားတာ"

"ဟုတ်တယ်..ဒီနားမှာပဲ"

"တောက်..မိလို့ကတော့အသေပဲ"

လူအုပ်ကြီးကတစ်ယောက်တစ်ပေါက်ပြောရင်းထွက်သွားကြသည်။

ဒီတော့မှစံရဲ့ပါးစပ်ကိုပိတ်ထားသောသူ့လက်တို့လွှတ်ကာကားပေါ်မှထွက်သွားသည်။
"ဟင်း"

ဒီတော့မှစံလည်းသက်ပြင်းချမိတော့သည်။
ထိုလူရဲ့ပုံရိပ်အချို့သည့်စံမှတ်ဉာဏ်ထဲမှာစွဲစွဲထင်ထင်ရှိသွားသည်။
ရုပ်ရည်ကသူခိုးရုပ်..ခါးပိုက်နိူက်ရုပ်ဟု မထင်ထားစရာရုပ်ရည်ဖြစ်နေ၍ဖြစ်သည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now