Extra1

3K 53 4
                                    

"သွားပါ.ကိုကလည်း..ဟိုမှာဖေဖေစောင့်နေတယ်လေ"

"ကိုမသွားချင်ဘူး..စံ"

စာရင်းတွေလုပ်နေရင်းကပြန်ပြောလိုက်သည်။
မိမိအဖေဖြစ်သူနဲ့ မပြေလည်နိုင်သေးသည့်
ခင်ပွန်းဖြစ်သူကိုမျက်စောင်းဖွဖွထိုးရင်း.

"ကိုသွားမှာလားမသွားဘူးလား..ဖေဖေလာတုန်းကိုနဲ့ပြေလည်မူ့ရအောင်စံအရမ်းကြိုးစားထားတာနော် ဒီအခွင့်အရေးကနောက်ဆိုကြုံချင်မှကြုံမှာ"
မလူပ်တလူပ်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူလက်မောင်းကိုကိုင်ရင်း အသံအနည်းငယ်ကျယ်ကာခေါ်လိုက်သည်။

"ကို...ကို"

မကြာခင်စိတ်ဆိုးတော့မည်ဖြစ်တာကြောင့် စစ်တုရင်မသိချင်ယောင်ဆောင်မရတော့..ဇနီးဖြစ်သူကိုချော့ရတော့သည်။

"ရူးတိုးတိုးဗိုက်ထဲက ကလေးလေးလန့်သွားပါဦးမယ်..အမေကစိတ်ကြမ်းရင်မွေးလာတဲ့ကလေးလေးကလည်းရုပ်ဆိုးတယ်တဲ့လေ"

"ဟင်ကိုကအဲ့ဒါတွေဘယ်လိုသိတာလဲ..".
အထူးအဆန်းစကားတွေပြောလိုက်
တာကြောင့်စံအံ့သြ သွားသည်။

"အဟင်း..ကို့ရဲ့အတွင်းရေးမူးအမကပြောတာ"

ထိုသို့အသေးအမွှားစကားလေးများကိုယုံသော ကို့ကိုကြည့်ကာပြုံးမိသည်။
စိတ်ထဲမှာလည်းကြည်နူးသလိုခံစားမိသည်။

"ကို..စံကိုတောင်ကိုခွင့်လွှတ်နိုင်သေးတာပဲ..စံဖေဖေကိုလည်းကိုအခွင့်အရေးပေးသင့်ပါတယ်"

"မတူဘူးလေကွာ..စံကစံလေ.."

သဘောကတော့စံမဟုတ်လို့ခွင့်မလွှတ်နိုင်ဘူးဆိုတဲ့သဘောလား...။
ဘက်လိုက်တတ်လိုက်တာကိုရယ်..။

စံမှာနောက်ဆုံးနည်းလမ်းအသစ်အသစ်တွေအများကြီးရှိပါသေးတယ်...

စံဗိုက်ပူပူလေးကိုပွတ်လိုက်ရင်းသနားစရာပုံစံမျက်နှာထားလေးဖြင်...

"ကလေးလေးရယ်..ကလေးလေးကအပြင်လောက ကိုရောက်မလာသေးဘူး..အပြင်လောကမှာတော့သားဖေဖေနဲ့ဖိုးဖိုးကလေ..အဆင်မပြေဖြစ်တော့မေမေမျက်နှာအရမ်းငယ်တာပဲသားရယ်..သားလေးလည်းအပြင်လောကကိုရောက်လာရင်မေမေ့လိုမျက်နှာငယ်ရမှာမြင်ယောင်ပြီးမေမေအရမ်းစိတ်မကောင်းဖြစ်မိတယ်သားရယ်..အင်းးးဒီလိုအဖြစ်တွေကလေသားနဲ့မေမေ့ရဲ့ရှေ့ဘဝကအတိတ်ကံကြွေးတွေကြောင့်.."

နှလုံးသားကမင်းဆီသို့ Où les histoires vivent. Découvrez maintenant