part 21(ဇာတ်သိမ်းပိုင်း)

5.2K 73 0
                                    

သုံးနှစ်ကြာပြီးနောက်.....

လေညှင်းလေးများကတိုးညှင်းတိုက်ခတ်နေသည်။ထိုလေညှင်းလေးများရဲ့ကလူကျီစယ်မူ့ကြောင့်လိုက်ကာအဖြူရောင်ကလေးများကလည်း တဖျတ်ဖျတ်လွှင့်နေသည်။

ပြတင်းပေါက်ကနေဖြတ်သန်းဝင်ရောက်လာတဲ့နေရောင်ခြည်နုနုကသူ့မျက်နှာပေါ်သို့မပူမပြင်းဘဲဖြာကျလာသည်။
မျက်ဝန်းကိုလက်ဖြင့်ကာရင်းဖြည်းညှင်းစွာဖွင့်လိုက်သည်။

သြော်...ဒီနေ့က စံထွက်သွားတာသုံးနှစ်​ပြည့်
တဲ့နေ့ပေါ့..။

မင်းဘယ်ဆီရောက်နေလဲစံ...။
သစ်ရွက်တွေလိုအပင်ဟောင်းကိုစွန့်ပြီးကြွေလွှင့်ပြီလား...
လိပ်ပြာတွေလိုပိုးတုံးလုံးအဖြစ်ကနေလိပ်ပြာဘဝကိုကူးပြောင်းသွားပြီလား....

ကိုယ်အရူးတပိုင်းဖြစ်နေရပြီစံရယ်....
ကိုယ်အရမ်းပင်ပန်းနေပြီမင်းမရှိတဲ့ဘဝမှာနေရတာ...

ခုတင်ပေါ်ကနေထ၍ကြမ်းပြင်ပေါ်သို့ခြေထောက်ချလိုက်သည်။
ညကသောက်ထားသည့်အယ်ကိုဟောရဲ့ပြင်းထန်မူ့ကြောင့်ခေါင်းကမိုက်ခနဲဖြစ်သွားပေမယ့်..စစ်တုရင်ထရပ်လိုက်သည်။

ပုခုံးပေါ်ကိုဖြာဆင်းလာသည့်ဆံပင်ရှည်တွေကိုခေါင်းစည်းကွင်းနဲ့ဖြစ်သလိုစည်းလိုက်သည်။
မျက်နှာသစ်ဖို့မှန်ထဲကိုကြည့်မိလိုက်တော့မရိတ်ဘဲထားခဲ့သည့်မုတ်ဆိတ်မွှေး၊ပါးသိုင်းမွှေးတွေကရှည်နေခဲ့ပြီ...

ထိုပုံစံကစံသူ့ဘဝထဲကထွက်သွားခဲ့တဲ့အချိန်ကစစတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၏..

မင်းအပြစ်ဒဏ်ကအဲ့လောက်နဲ့မရသေးဘူး စစ်တုရင်..
မင်းလိုကောင်ကဒီ့ထက်အများကြီးခံရမှာ..

"သူဌေးလေး"

မှန်ထဲကသူ့ရုပ်ကိုကြည့်ရင်းကျိန်ဆဲနေမိသောစစ်တုရင်ခေါ်သံကြောင့်နောက်လှည့်ကြည့်မိသည်။

"ဦးလင်းထိန် ပြော"

"ခရီးသွားဖို့ကိစ္စအကုန်စီစဥ်ပြီးသွားလို့သူဌေးလေးကိုလာပြောတာပါ.".

"ဟုတ်ပ​ြီဦးလင်းထိန်....ကျွန်တော်ဆင်းလာခဲ့မယ်ဦးလင်းထိန်ကားနားကပဲစောင့်နေပါ".

နှလုံးသားကမင်းဆီသို့ Where stories live. Discover now