Extra2

4.9K 73 2
                                    

"အဟမ်း.."

"အဟမ်း"

ချောင်းဟန့်ခြင်းကိုပြိုင်တူလုပ်မိတော့နှစ်ဦးသားအရှက်ပြေရယ်မိကြသည်။

"ဟို.."

"ဟို"
ထပ်၍ပြိုင်တူပြောမိပြန်သည်။

"ဟား..ဟား..ဟား..ဟား..ဟား.."

စကားစပြောရန်စကားလုံးရှာမရ၍အရှက်ပြေထပ်ရယ်မိခြင်း။လမ်းတစ်လမ်းလုံးပြောရန်စကားလုံးတွေစဥ်လာခဲ့ပေမယ့် လူခြင်းတွေ့တော့ဘာစပြောရမလဲမသိတော့။ရန်လေးကတော့ရေခဲ့မုန့်သာသဲကြီးမဲကြီးစားနေတော့သည်။

"ဟိုလေ..အန်ကယ်ပဲအရင်စပြောပါရစေ"

စကားပြောရန်ဦးဘုန်းသက်စံ
မရဲတရဲနဲ့စပြီးခွင့်တောင်းလာသည်။စစ်တုရင်ပြောစရာစကားလုံးရှာမရသည့်အတွက်အလိုက်သင့်နေရန်တွေးလိုက်သည်။

"ဟုတ်ကဲ့ပြောပါအန်ကယ်"

"သမီးစံစံနေကောင်းတယ်မလား "

"ဟုတ်ကဲ့ကောင်းပါတယ်"

"အင်းး...သမီးစံစံ ဦးခေါင်းအကျိတ်ဖြစ်တုန်းကဦးလေးတို့အရမ်းခက်ခဲခဲ့တာ နိုင်ငံရပ်ခြားမှာနေပြီးပင်ပန်းတဲ့အရာတွေပဲလုပ်ခဲ့ရတယ်..အရမ်းခက်ခဲလွန်းလို့သမီးစံစံဦးခေါင်းခွဲစိတ်ဖို့ပိုက်ဆံလိုတဲ့အချိန်မှာအန်ကယ်တစ်ခုတွေးခဲ့မိတယ်"

"အဲ့ဒါက.မင်းကိုအကူအညီတောင်းရမလားဆိုပြီးတော့ပေါ့..သမီးကမင်းကိုဒုက္ခမပေးရက်ဘူးလေ..အန်ကယ့်ရဲ့မိုက်မဲမူ့ဒဏ်ကိုသမီးလေးကခံခဲ့ရတာ...ပြီးတော့ပယင်းလေးရောပဲ..အန်ကယ်အပြစ်တွေအတွက်..မောင်စစ်တုရင်ကိုခွင့်လွှတ်ဖို့မတောင်းဆိုရဲပါဘူး..ဒါပေမယ့် သမီးစံစံကိုတော့ဂရုစိုက်ပေးပါလို့အန်ကယ်အနူးအညွှတ်​ေမတ္တာရပ်ခံပါတယ်..စံစံကမင်းကိုတော့အရမ်းချစ်ခဲ့တယ်ဆိုတာယုံပေးပါ"

"ဟုတ်ကဲ့ကျွန်တော်ယုံပါတယ်..စံကိုကျွန်တော့အသက်နဲ့အမျှဂရုစိုက်ပါ့မယ်"
ဦးဘုန်းသက်စံ စိတ်ကအရင်လိုမဟုတ်တော့ဘဲသိမ်မွေ့နေသည့်အတွက်စစ်တုရင်ပြုံးလိုက်သည်။
အဲ့ဒီ့အပြုံးကအရင်လိုခနဲ့လှောင်ပြောင်သည့်အပြုံးမဟုတ်ဘဲကျေအေးခွင့်လွှတ်သည့်အပြုံး။
ထိုအပြုံးကိုပြုံးပြ၍လည်းသူ့ရင်ထဲတင်းခံနေခဲ့သည့်အကျိတ်အခဲဟာလည်းကြေမွသွားခဲ့လေပြီ။
ဦဘုန်းသက်စံလည်းသူ့ကိုကြည်လင်သည့်အပြုံးကိုပြန်ပြုံးပြသည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now