စာစဥ်(၂) [Unicode]

2.6K 334 1
                                    

စာစဥ် ၂ ၊ အခန်း ၁ ။ ချူးလျို နင်.. လူစိတ်မရှိတဲ့ဟာမ..

ချူးလျို ဂိတ်ပေါက်ဝကို ဖြတ်ကျော်လာပြီးသောအခါ လူတွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ ဗီလာကြီးဟာ အနည်းငယ် တိတ်ဆိတ်သွားသည်ကို သူမသတိထားမိလိုက်၏။

သူမ ထိုအကြောင်းကို သိပ်တော့ တွေး​မနေတော့ချေ။ သူမသည် ဗီလာအနောက်ဘက်က ရေကူးကန်ဆီသို့သာ တန်းသွားလိုက်သည်။

အံ့သြစရာကတော့ ရေကူးကန်မှာ ဆော့ကစားနေတဲ့ လူငယ်တွေဟာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေကြလေရာ ဘယ်သူကမှမူးရူးမနေကြတော့ဘူးပေါ့။

ချူးလျို ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီးသောအခါ ချူးတင်မရှိနေတာကို သူမသိလိုက်ရ၏။ ကျောင်းညီအကို နှစ်ယောက်တောင် ထို၌ ရှိမနေချေ။

ထိုလူတွေက ချူးလျိုကိုမြင်တော့ အနည်းငယ် အံ့အားသင့်သွားကြသည်။ မိန်းကလေးတစ်ယောက်က သူမကို

ချိုသာစွာဖြင့် မေး​လာ၏။ "ချူးလျို နင့်အဖေက ခုပဲနင့်အမနဲ့ အဲ့ကို လာဖို့ ပြောထားတယ်လေ

နင်က ဘာလို့ ဒီမှာရှိနေသေးတာလဲ"

ထိုမိန်းကလေးဟာ ထိုစကားကိုပြောရင်းဖြင့် လမ်းကျဥ်းလေးကို လက်ညိုးထိုးပြလိုက်သည်။အပြင်က ကြီးမားတဲ့ ဗီလာကြီးအပြင် အဲ့နောက်မှာအိမ်​တွေ ရှိပါသေး၏။ ဒီလမ်းက အဲ့နောက်ကို သွားတဲ့ လမ်းမှန်းသိသာတယ်။

တခြားသူတွေကလဲ သူမကိုကြည့်နေကြ၏။

ချူးလျိုက သူမကိုခေါင်းညိတ်ပြလိုက်ပြီး ထိုသို့ သွားလိုက်၏။

သူမနောက်မှာတော့ တီးတိုးသံတွေ ကျန်ခဲ့၏။

"ဖန်းရှောင်လင် နင်ဘာလို့ သူ့ကိုစကားသွားပြောတာလဲ"

"ငါသူ့ကို ဘာမှ မပြောပါဘူး"

"ကျောင်းထျန်းရီ နဲ့ ကျန်းစီရီက သူ့ကိုမကြိုက်ကြဘူး နင်သူ့ကို သွားစကားပြောရင် သူတို့နှစ်ယောက်က နင့်ကို စိတ်ဆိုးလိမ့်မယ် သတိထား"

"ငါ....."

ချူးလျို ထိုစကားကိုကြားတော့ သူမမျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ထို့နောက် သူမ ခပ်သွက်သွက် လျှောက်လိုက်ကာ ထိုနောက်သို့ သွားလေ၏။

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now