စာစဥ် ၉ ။

2.3K 285 8
                                    

စာစဥ် ၉ ၊ အခန်း ၁ ။ ကျွန်မကို လှတယ်လို့ချီးကျူးနေတာလား

လူတိုင်းက စကားပြောနေသည့်လူကို မသိစိတ်မှ စိုက်ကြည့်နေကြသည်။ စကားပြောနေသူက မေးစေ့ချွန်ချွန်နှင့် နီရဲရဲ နှုတ်ခမ်းလေးများရှိသည့် ပိန်သွယ်သွယ်ကောင်လေးဖြစ်သည်။

သူ့တွင်ရှိသော မျက်လုံးမှေးမှေးလေးတစ်စုံက သူ့ကို ပို၍ မိန်းမဆန်နေစေသည်။

ထန်ကျိယွင်၏ အမူအရာမှာ အေးစက်သွားသည်။

ရွှယ်ဟွေ့၊ ပြဿနာ ရှာမနေနဲ့

ငါက ပြဿနာရှာနေတယ်တဲ့လား ငါပြောတာ မှားနေလို့လား?! ဒီနေ့ လူထုဟောပြောပွဲက အရမ်းအရေးကြီးတယ်။ ကလေးနှစ်ယောက်ကို ခေါ်လာတာ ထားပါတော့။ ဒါပေမဲ့ ဒီလိုပုံစံနဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ခေါ်လာသေးတယ်။ မင်းကမှ ပြဿနာရှာနေတာမဟုတ်ရင် ဘာဖြစ်မှာလဲ

ချူးလျို သည် ဤလူက သူမ၏ အသွင်အပြင်ကို တိုက်ရိုက်ဝေဖန်ပြောဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ မျက်လုံးများတွင် မကျေနပ်မှု အရိပ်အယောင်များ ပေါ်လာသော်လည်း သူမ၏နှုတ်ခမ်းထောင့်များကတော့ ကွေးညွတ်သွားသည်။ ထျန်ကျိယွင် စကားမပြောရသေးခင်မှာပဲ သူမက ကြည်လင်သာယာတဲ့အသံနဲ့ ပြောလိုက်သည်။

ကျွန်မကို လှတယ်လို့ ချီးကျူးနေတာလား?

စကားချိုချိုလေး ပြောနေပေမဲ့ သူမ၏မျက်လုံးများကတော့ အေးစက်လာသည်။

မိန်းမလှလေးတစ်ယောက် ရှိနေတာက ရှင့်ကို ထိခိုက်စေတယ်ဆိုရင် ဒီကနေ အမြန်ဆုံး ထွက်သွားတာက ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရှင်လုပ်နိုင်တဲ့အရာ ဘာမှမရှိလို့ပဲ။ အိမ်ပြန်ပြီး လယ်သာလုပ်နေလိုက်တော့

မင်း

ကျွန်မ ပြောတာ မှားလို့လား?

ချူးလျိုက သူ့ကို စကားပြောဖို့ ဘယ်လိုများ အခွင့်အရေး ပေးမှာလဲ။ သူမက အခန်းတွင်းရှိ မိန်းကလေးတွေကို ညွှန်ပြလိုက်ကာ

ဒီမှာ ချောမောလှပတဲ့ မိန်းကလေးတွေအများကြီးရှိတယ်လေ။ ရှင်က သူတို့ကိုမဟုတ်ဘဲ ကျွန်မတစ်ယောက်တည်းကိုပဲ ပြောနေတာလား။ ဒါဆို ဒီထဲက အစ်မတွေအကုန်လုံးကို ရုပ်ဆိုးတယ်လို့ ရှင်ထင်နေတာမလား

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now