စာစဥ် (၆)

2.6K 350 5
                                    

 scroll down for Zawgyi

....

စာစဥ် ၆ ၊ အခန်း ၁ ။ ချူး “ဝံပုလွေပေါက်လေး” လျို

 

ချူးလျို ဝှီးချဲနဲ့လူကို ကြည့်လိုက်သည်။သူ သူမကို ပြန်ပေးဆပ်ခိုင်းတော့မည်ဆိုတာကို သူမသိပါသည်။သူမ  တိုက်ခိုက်ရန် တိတ်တိတ်လေး ဟန်ပြင်နေပြီး သူမရဲ့မေးစေ့ကိုအနည်းငယ် မော့လိုက်ကာပြောလိုက်၏။

“ကျွန်မ ရှင့်ကိုမကြောက်ဘူးနော်”

 

လီရန် သူမ၏ ပြုမူပုံကိုသာ ကြည့်နေလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်လေးက ကွေးတက်သွားလေပြီ။ ဒီကလေးမလေးက ကျန်တဲ့နေရာတွေမှာတော့ အရမ်းတော်ပေမဲ့သူမရဲ့ လက်သီးထိုးချက်နဲ့ ကန်ကျောက်ချက်တွေက သိသိသာသာကို မကောင်းပေ။ (အမှန်တကယ်တော့ အဲ့လိုအားနည်းနေရတာက သူမဝင်ထားတဲ့ ခန္ဓာကိုယ်ကြောင့်ပါပဲလေ)

 

ထိုအကြောင်းကို သိနေရင်းနဲ့ သူဟာ ဝှီးချဲထဲက ကြာပွတ်ကိုရုတ်တရက်ထုတ်လိုက်ပြီး ထိန်းထားတဲ့အားနဲ့ သူမ ခါးဆီလွှဲပစ်လိုက်သည်။

 

ချူးလျို လန့်သွားပြီး အဝေးကိုခုန်မလို့လုပ်တော့ လီရန်က သူမ ဘယ်နေရာကိုခုန်မလဲ ဆိုတာကို ကြိုတင်တွက်ဆထားပုံပင်။ကြာပွတ်က ထိုနေရာကိုအရင်ရောက်နေပြီး သူမခုန်လာလိုက်တဲ့အချိန်၌ ကြာပွတ်ဟာ သူမခါးကို ရစ်ပတ်သွားပြီး သူမကို သူ့ဆီသို့ဆွဲခေါ်လိုက်သည်။

 

ချူးလျို ပြန်ပြီး မတုံ့ပြန်ခင်မှာပဲ သူမ ဆွဲခေါ်ခံလိုက်ရသည်။

 

သူမ သူ့ရဲ့အကြောမှတ်တွေကို ထိဖို့ လုပ်တော့ သူ့လက်ထဲက ကြာပွတ်ကို လွင့်ပစ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူမနောက်ကနေ သိုင်းကျုံးဖက်လိုက်သည်။ သူ၏ လက်မောင်းရှည်ကြီးဟာ သူမ၏ လက်မောင်းတွေကို နောက်ကနေပြီး ဖက်အုပ်ထားလေသည်။

 

ချူးလျိုဟာ အရှုံးခံတတ်တဲ့ လူစားမျိုးမဟုတ်ပါချေ။ သူ့လက်မောင်းကြီးက သံညှပ်ကြီးလို သူမလက်ကို ချုပ်ထားတာကြောင့် သူမ ထိုအရာကိုချိုးဖျက်လို့မရမှန်း သိသွားလေ၏။ သူမမျက်လုံးကိုလှိမ့်လိုက်ပြီး သူ့ခြေထောက်ကို ဆောင့်နင်းလိုက်သည်။

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now