*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း

6.8K 1.4K 118
                                    

ကျင့်ကြံသူတွေက နောက်ကို ဆုတ်နိုင်သလောက်ပြန်ဆုတ်လိုက်ကြသည်။

နောက်တစ်ခဏမှာဘဲ ဂူထဲကနေ ဆယ်မီတာလောက်မြင့်တဲ့ မြင်းလိုပုံစံ အနီရောင်မိစ္ဆာသားရဲကြီးတစ်ကောင် ပျံသန်းထွက်လာ၏။ သူ့ရဲ့ အဖြူရောင်မျက်လုံးတွေထဲမှာ မကောင်းဆိုးဝါးဆန်ဆန်အငွေ့အသက်တွေ ပြည့်နှက်နေကာ နက်ပြာရောင် ထက်ရှတဲ့သွားတွေရှိပြီး ဦးခေါင်းနဲ့ ကျောပြင်တစ်လျှောက်မှာတော့ အနက်ရောင်ဆူးချွန်တွေရှိနေ၏။ သူ့ရဲ့ ဟိန်းသံကြီးကလည်း ဝိညာဥ်စွမ်းအားလှိုင်းတွေပါဝင်သောကြောင့် နားကွဲလုနီးပါးကို ကျယ်လောင်လှသည်။ စွမ်းအားညီညွတ်မှုအဆင့်အောက်က သူတွေမှာ သူ့ဟိန်းသံကြီးကို လုံးဝမခံနိုင်ကြဘဲ နားတွေအုပ်ကာ အော်ဟစ်လိုက်မိကြသည်။

ယင်ကျင်းရဲ့က ရုန်ယိနဲ့ ရုန်ယိခန္ဓာကိုယ်တို့ကို ကာကွယ်ပေးဖို့အတွက် အစီအရင်တစ်ခု အမြန်ပြုလုပ်လိုက်သည်။

ရုန်ယိက နားကို အုပ်ကိုင်ထားတဲ့ လက်ကို ပြန်ချလိုက်ပြီး
"ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဟိန်းသံကြီးလဲ"

ရုန်ယိခန္ဓာကိုယ်ကလည်း
"ဒီဟိန်းသံတစ်ချက်တည်းကိုတောင်မှ မခံနိုင်ကြတဲ့ဟာ.. သူ့ကို ဘယ်လိုလုပ်တိုက်ခိုက်ကြမလဲ"

ရုန်ယိ ထိုကျင့်ကြံသူတွေကို လှမ်းကြည့်လိုက်တဲ့အခါ မဟာယာနအဆင့်က ကျင့်ကြံသူတွေကိုဖယ်လိုက်ရင် စွမ်းအားညီညွတ်မှုအဆင့်နဲ့ အထက်က သူတွေမှာ တစ်ဒါဇင်ကျော်လောက်သာရှိလေသည်။
"သူ့ကို အင်အားသုံးပြီး မတိုက်ခိုက်နိုင်လည်း လှည့်ကွက်သုံးပြီး လှည့်စားလို့ရတာဘဲလေ"

မိစ္ဆာသားရဲကြီးက အထင်သေးမှု မထီမဲ့မြင်မှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေနဲ့ ရုန်ယိတို့ကို လှမ်းကြည့်လာသည်။ သူ့အတွက်တော့ ဒီလူတွေက ပုရွက်ဆိတ်လေးတွေလို့ သေးငယ်လှပေမဲ့ ကျန်းမုကိုတွေ့လိုက်တဲ့အခါမှာတော့ ပြိုင်ဖက်ကောင်းတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး မျက်လုံးတွေ တောက်ပလာတော့သည်။

ကျင့်ကြံသူတစ်ယောက်က တံတွေးမျိုချလိုက်ပြီး
"သူ ငါတို့ကို လှမ်းကြည့်နေတယ်ကွ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now