အပိုင်း(၁၅)

347 31 0
                                    

"သူ့နာမည်နဲ့ ပုံရိပ်လား၊ သမီးမပြောနိုင်ဘူး၊ ဒုတိယအကို ပြောတာကတော့၊ အဖေ အပါအ၀င် ဘယ်သူ့ကိုမှ လုံး၀ထုတ်ပြောလို့မဖြစ်ဘူးတဲ့၊ ချိန်မိသားစု မြင့်တက်ဖို့ အခွင့်အရေးကလည်း လက်တစ်ကမ်းအလိုမှာဘဲ လို့ပြောသေးတယ်"

ချိန်မြောင်းယင် သူမခေါင်းကိုခါပြီးပြောလိုက်ပေမဲ့ သူမရဲ့မျက်နှာမှာလည်း သိချင်စိတ်ပြင်းပြနေခဲ့သည်။

ချိန်ရှူးလီနဲ့ ချင်ကျင်း တို့ပြောခဲ့တဲ့တစ်လျှောက်လုံးမှာ၊ သူမအနည်းငယ်သောအကြောင်းအရာတွေကိုသာ နားလည်ခဲ့သည်။ ချင်ကျင်း ရဲ့နောက်မှာ ရွှေဗဟိုနယ်ပယ်ထက် ကျော်လွန်တဲ့ စွမ်းအားရှင်တောင်ရှိနေကာ သူ့ရဲ့အဆင့်အတန်းကို ထုတ်ပြောလို့မရဘူးဖြစ်တယ် ဆိုတာလောက်ဘဲ သူမသိလိုက်ရသည်။

ဒုတိယအချက်က သူတို့ ချင်ကျင်းရဲ့ ခြေသလုံးကိုဖက်နိုင်ရင်တောင်မှ လုံလောက်ပြီဆိုတာရယ် ပဲဖြစ်သည်။

ချိန်ကျန်းကျန့် နားထောင်လိုက်ပြီး၊ သူ့နဖူးမှာတော့ အရေးကြောင်းများပေါ်လာခဲ့သည်။ သူစကားပြောတာကိုရပ်လိုက်ပေမယ့်၊ အတွေးနယ်ထဲမှာ ကျရောက်သွားခဲ့ပြီး၊ အခန်းထဲက လေထုကလည်း စတင်ကာ လေးပင်လာခဲ့သည်။

ချိန်မြောင်းယင် လေထု အခြေအနေကိုမကြိုက်တာကြောင့် အလျင်အမြန်ပြောလိုက်သည်။ "သမီးအရင်သွားအနားယူတော့မယ်နော်"

*သူမအိမ်ကနေဒီနေ့ထွက်ပြေးမယ့်အကြံအစည်ဟာ မြို့စောင့်တစ်ယောက်ကြောင့် ပျက်ဆီးသွားခဲ့ရသည်လေ ။*

ချိန်ကျန်းကျန့် အရာအားလုံးကို လစ်လျူရှုထားပြီး၊ တိုးတိုးလေး ရေရွတ်နေခဲ့လိုက်သည်။

"ရှူးလီက တစ်ကယ်တော်တဲ့က လေးတစ်ယောက်ဆိုတော့၊  သူဒီလိုပြောရတဲ့ အကြောင်းအရင်းကလည်းရှိနေလိမ့်မယ်"

ချိန်ရှူးလီဟာ တရားမ၀င်သားတစ်ယောက်ဖြစ်နေခဲ့တာကြောင့်၊ အသိုင်းအဝိုင်းမှ သူ့မိန်းမရဲ့ ဖယ်ထုတ်ခြင်းကိုခံခဲ့ရကာ၊ သူ့ရဲ့ ပင်ကိုယ်ချီသန့်စင်ခြင်းပါရမီဟာ သိပ်ပြီးမှ မကောင်းလှဘူး။ မြို့အရှင်ဖြစ်နေတာတောင်မှ၊ ချန်ရှူးလီကို ကောင်းကောင်းမွန်မွန်မထားနိုင်ခဲ့ဘူး။ သူချိန်ရှူးလီရဲ့ တစ်ကိုယ်ရေ စာဖတ်ခန်းမှာသာ သူ့ကို တွေ့မြင်နိုင်တာဖြစ်သည်။

ဂန္တဝင်စနစ်Where stories live. Discover now