အပိုင်း (၆၃)

258 17 0
                                    

ယိုဖုန်းဟွမ် ချင်ကျင်း၏ မျက်နှာအား ငါးစက္ကန့်ကြာအောင်ကြည့်လိုက်ပြီး စတင်ပြောလိုက်သည်:

"အကယ်၍ တောင်ပိုင်း ဒဏ္ဍာရီလာ ပုန်း ကွယ်နေသော နဂါး သိုင်းစုရုံးပွဲမှာ ရှင့်ကို ကျွန်မ မတွေ့ရင် ရှင့်နောက်မှာ ဘာအင်အားစုရှိရှိ ရှင့်ကို သတ်ပစ်မယ်"

ဒါက ကစားပွဲဘဲ..

ချင်ကျင်း၏ မျက်လုံးများတောက်ပသွားသည်။ ဤစကားမှာ တောင်ပိုင်း ဒဏ္ဍာရီလာ ပုန်းကွယ်နေသော နဂါး သိုင်းစုရုံးပွဲ၌ ချင်ကျင်း၏ စွမ်းဆောင်မှုသာကောင်းမွန်ပါက ယိုဖုန်းဟွမ်အနေဖြင့် သူ့ကို လက်ထပ်မည် ဟူ၍ဖြစ်သည်။

လက်ဆက်ခြင်းသည် သတ်ဖြတ်ရခြင်းထက်တော့ ပိုမိုကာ ကောင်းမွန်သည်။

"ကောင်းကင်ပြိုကျလာပြီး ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ကိုယ်အဲ့ဒီမှာရှိနေမယ်"

ချင်ကျင်းသူ့ရင်ဘက်ကိုပုတ်ရင်း ပြောလိုက်သည်။ တစ်ဘက်၌တော့ ယိုဖုန်းဟွမ်အနေဖြင့် ဤသို့သော ချစ်ခွင့်ပန်မျိုးကို ကြားဖူးနား၀ရှိနေပြီးဖြစ်သည်။သို့သော်လည်း မျက်နှာကာစ၏ ထောင့်စွန်းအနည်းငယ် မြင့်တက်သွားသည်ကို အတိုင်းသားမြင်လိုက်ရသည်။ ဤမိန်းမငယ်‌လေးချင်ကျင်းကြောင့် ရွှင်ပျသွားပုံရသည်။

ပထမထပ်တွင်မူ ရှန်းယန်နှင့် ကွမ်ယုတို့ တစ်ဦးကိုတစ်ဦး မယုံနိုင်စွာကြည့်လိုက်ကြသည်။ တဂျီမှာတော့အတန်ငယ်‌မျက်မှောင်ကြုတ်သွားသည်။ ဒီကောင်စုတ်ရဲ့ စကားလှလှလေးတွေအောက်မှာ မိန်းမတစ်ယောက် ထပ်ကျရှုံးသွားပြန်ပြီ။

အကယ်၍ ချင်ကျင်းသာ သူမ၏ အတွေးတွေကိုသိပါက ဤသို့‌ အော်မိနိုင်သည်... ဘော, ငါအခု အန္တရာယ်ထဲကျနေတာကို မမြင်ကြဘူးလားဟ။ ဘာလို့ အကူတစ်ယောက်ယောက်လောက် မလာကြသေးတာလဲလို့။

"ပြောတာကောင်းတယ်... ကတိတည်ပါစေ"

ယိုဖုန်းဟွမ်ပြန်၍ပြောလိုက်၏။ သူမအလွန်ရှက်နေသောကြောင့် မြန်မြန်ထွက်သွားလိုက်သည်။ သူမနောက်မှ အစေခံကမူ ချင်ကျင်းကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။ သူက ၎င်းကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

ဂန္တဝင်စနစ်Where stories live. Discover now