အပိုင်း (၆၀)

298 19 0
                                    

ဓားပျံမှာ လရောင်အောက်တွင် အေးစက်စက်တောက်ပနေလျက်ရှိသည်။ ချင်ကျင်းတုန်လှုပ်သွားသည်။၎င်းဓါးအား ရှောင်ရှားဖို့ရန်မှာ အလွန်‌နောက်ကျနေပြီဖြစ်သည်။ သို့ရာတွင် ဓားပျံက သူ့ကိုမထိခင်မှာ မမြင်နိုင်သော အားတစ်ခု၏ တားဆီးခြင်းကိုခံလိုက်ရသည်။

ထိုအခါသူ့ဘေးမှ မဟာကောင်းကင်ဘုံခွေးကိုသူချက်ချင်းကြည့်လိုက်သည်။ မဟာကောင်းကင်ဘုံခွေးက သူ့အား ကယ်တင်မည်ဆိုသည်ကိုသိသောကြောင့် ရန်သူ၏ တည်နေရာကိုရှာလိုက်သည်။

ထို့နောက်မဟာကောင်းကင်ဘုံခွေးကြည့်နေရာသို့ ‌ချင်ကျင်းလည်းလိုက်၍ကြည့်လိုက်၏။ထိုအခါ မီတာ ၁၀၀ ခန့်အဝေးတွင် အနက်ရောင်၀တ် လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။ ထိုလူမှာ အိမ်ခေါင်မိုးတစ်ခုပေါ်၌ ရပ်ပြီးသူ့ကိုကြည့်နေခြင်းဖြစ်သည်။ ထိုလူက လရောင်အောက်တွင် အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်နေလျက်လည်းရှိသည်။

"ဒီလောက်အဝေးကြီးကတောင် ဓားကို စနိုက်ပါရိုင်ဖယ်လို ပစ်နိုင်တယ်လားဟ"

ထိုအချိန်တွင် အနက်ရောင်အ၀တ်နှင့်လူက အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ သရဲတစ်ကောင်အလား မှုန်ဝါးဝါးဖြစ်သွားပြီး နောက်ထပ် မီတာ ၂၀ အကွာတွင် ပြန်၍ကျလာသည်။

"သေချင်နေတာပဲ..လောင်ရှီကို တိုက်ခိုက်ရဲတယ်ပေါ့လေ။"

ဒေါသထွက်နေသော ချင်ကျင်းက ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို ကိုင်ပြီး အနက်၀တ်လူဆီသို့ လျှောက်သွားလိုက်သည်။ မဟာကောင်းကင်ဘုံခွေးသည်လည်း သူ၏နောက်မှ နီးကပ်စွာလိုက်ပါလာခဲ့သည်။

ယင်းလူ၏ တိုက်ခိုက်ရခြင်း အကြောင်းပြချက်များကိုသူဂရုမစိုက်။ ၎င်းသည် သူ့အားသတ်ရန်ကြံစည်ခဲ့သည်၊ ထို့ကြောင့် သူက ပြန်တိုက်ခိုက်ရမည်ပင် ဖြစ်သည်။

သို့နှင့် ချင်ကျင်းသူ့အနားကပ်လာရဲသည်ကိုမြင်သောအခါ အနက်၀တ်လူ၏ မျက်လုံးများ အရောင်လက်သွားပြီး ပျက်ရယ်ပြုသော အပြုံးတစ်ခုကိုဆင်မြန်းလိုက်သည်။ သူ၏အရှိန်မှာအလွန်လျှင်မြန်လွန်းပြီး ချင်ကျင်းနှင့် ၁၀မီတာအကွာကို တခဏအတွင်းရောက်သွားသည်။

ဂန္တဝင်စနစ်Where stories live. Discover now