တစ်ညလုံး လေးလံလွန်းသော နဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို လေ့ကျင့်နေခဲ့သောကြောင့် သူအပင်ပန်းလွန်နေပြီး ယိုဖုန်းဟွမ် အစေခံ၏ တိုက်ခိုက်မှုဖြင့် မျက်နှာချင်းဆိုင်ရသောအခါ သူရှောင်ရှားလိုက်သော်လည်း ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး စားပွဲခုံနှင့် သွားတိုက်မိသည်။ အစေခံ၏ဓားအား အန္တရာယ်များကြားမှ သူရှောင်နေရလျက်ရှိသည်။
"ဟေး...ဒါဘာအဓိပ္ပာယ်လဲ"
ချင်ကျင်းဒေါသထွက်သွားသည်။ အကယ်၍ သူသာအနည်းငယ်နှေးကွေးသွားပါက သူ့အား ဓားဖောက်ထွင်းသွားလောက်ပြီးဖြစ်ပေမည်။
သို့ရာတွင် အစေခံသည် ဒေါသတကြီးဖြစ်နေသေးပြီး ချင်ကျင်း၏အလောင်းအားမမြင်ရသေးသရွေ့ ရပ်တန့်မည့်ပုံမပေါ်ပေ။ထို့နောက်ချက်ချင်းလက်ငင်းပင် ချင်ကျင်း၏ နှလုံးဆီသို့ ဓားတစ်ချက်ပစ်သွင်းလိုက်ပြန်သည်။
ဘော။
ငါက တစ်ကယ် အနိုင်ကျင့်ခံနေရတာလား..
ကန္တာရလင်းယုန်အား ထုတ်ယူပြီး တစ်ဘက်မှလူ၏ ခေါင်းကိုပစ်ရန် ချင်ကျင်း ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် အလင်းတစ်ချက်လက်သွားပြီး သူတို့နှစ်ယောက်အကြားသို့ ယိုဖုန်းဟွမ်ရောက်လာသည်။ လက်ညှိုးထိပ်ကိုသာသုံးပြီး အစေခံ၏ ညာလက်ထဲမှ ဓားကို ရိုက်ထုတ်လိုက်သည်။ ခွန်အားနှင့် တိကျမှုမှာ မှင်သက်စရာပင်။
ချင်ကျင်း၏ ကန္တာရလင်းယုန်မှာ ပြိုင်ဘက်၏ ခေါင်းကို ချိန်ထားသည်။ ထို့နောက်ယိုဖုန်းဟွမ်၏ မျက်နှာကာစတပ်ထားသောမျက်နှာလေးကိုကြည့်မိလိုက်သောအခါ ချင်ကျင်း၏ မျက်နှာ အနည်းငယ်နီရဲသွားသည်။
တစ်ချိန်တည်းတွင်ယမန်နေ့ညမှ အဖြစ်အပျက်များ ပြန်မြင်ယောင်မိကာ သူ့နှလုံးခုန်နှုန်းများလည်းမြင်းဒုန်းဆိုင်းသွားမိသည်။
ဘော..
ငါဒေါသထွက်နေရမှာ မဟုတ်ဘူးလား..
ချင်ကျင်း နှာခေါင်းရှုံ့လိုက်ရင်း ကန္တာရလင်းယုန်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဘာတွေလုပ်နေတာလဲ"
အစေခံအား ယိုဖုန်းဟွမ် ပြောလိုက်သည်။ထိုအခါအစေခံမှာ ငိုချင်သွားပြီး ချင်ကျင်းကို လက်ညိုးထိုးလိုက်ကာ:
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...
