(၄)🤍

338 66 15
                                    


လွန်ခဲ့သော ၈နှစ်လောက်ကဖြစ်လိမ့်မည်။
မေမေခရီးသွားနေသည်ဟူသော လိမ်ညာမှုဖြင့် Hoseokစာမေးပွဲကို မထိခိုက်စေလိုသော Mr.Jung၏ စေတနာအမှားတစ်ခု..။

သေဆုံးပြီး တစ်ပတ်လောက်နေမှ
သားအမေ အဖေတို့ကိုထားခဲ့ပြီဟူသော စကားဖြင့် ၁၇နှစ်သားလေး၏ ရင်ဝကို မညှာမတာ ဆောင့်ကန်ပစ်ခဲ့တဲ့အခိုက်။

မေမေပြန်လာရင် ပါလာမယ့်
ချောကလက်တွေကို ဒီနိုင်ငံမှာလုံးဝမရှိတဲ့စားစရာလေးတစ်ခုလို မျှော်လင့်နေခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ သခင်ငယ်ပေါ့။

ကိုယ်ရံတော်ကြီးရဲ့ လက်သန်းလေးကို ဆုပ်ကိုင်ပြီး ၁နှစ်နီးပါးပျောက်သွားခဲ့တဲ့ အမေဖြစ်သူပြန်လာရင် အမေ့အတွက်ပါ ကိုယ်ရံတော်လုပ်ပေးပါဆိုပြီး ဂျီကျနေခဲ့တဲ့ နုငယ်သူလေး။

ကြားခဲ့ရတာက ပြန်လာတာမဟုတ်ဘဲ
ထားခဲ့ပြီဆိုတဲ့ စကားလေးတစ်ခွန်း။

ကျကွဲသွားတဲ့ မျှော်လင့်ချက်တွေများ
အသားတွေဆီ လာစိုက်ကုန်လို့
ကလေးငယ်ဟာ ကိုယ်ရံတော်ကြီးနာမည်ကို အလန့်တကြား ​အော်ခေါ်ခဲ့တယ်။

မညီညာတဲ့ မြေနီနီတွေပေါ် ခြေဗလာနဲ့
သွေးရူးသွေးတန်းပြေးခဲ့တုန်းကလည်း
ဒီကိုယ်ရံတော် ဖိနပ်ကိုင်ပြီး လိုက်ခဲ့တာပဲ။

အိပ်မပျော်တဲ့ညတွေမှာ
ကြောင်စီစီ မှိုင်တွေနေရင်
ငယ်ငယ်က မေမေဖတ်ပြနေကျ
ပုံပြင်စာအုပ်လေးကို အသံအေးအေးလေးနဲ့ဖတ်ပြပေးပြီး ချော့သိပ်ခဲ့တာလည်း ဒီကိုယ်ရံတော်ပါပဲ။

ဘွဲ့တွေရတုန်းကလည်း
ဓာတ်ပုံတွေထဲ အဖေဖြစ်သူနဲ့တောင် မရှိသလောက်အခြေအနေမှာ
Kim Namjoonလက်တွေကိုသာ အုပ်ထိန်းသူကြီးလို ဆွဲကိုင်ပြီး ဝံ့ဝံ့ကြွားကြွား ရိုက်ခဲ့တာတွေ။

အားမကိုးချင်တာတောင်
အားမကိုးလို့မရလောက်အောင် လုံခြုံစေတဲ့ အိမ်နွေးနွေးလေးတစ်လုံးကို စွန့်ခွါရမယ့် အတောင်စုံသူဟာ အိမ်ကလေးကို သိပ်ချစ်တဲ့သူ ဖြစ်နေလေရဲ့။

ဖြတ်သန်းခဲ့တဲ့ကာလတွေဟာ
နည်းနည်းလေးလည်းမဟုတ်။
ဒီလူကိုပဲ အားကိုးလာရင်း....
ဒီတစ်ယောက်တည်းကိုပဲ အဖော်ပြုလာရင်း
ငိုခဲ့ရယ်ခဲ့ ပျော်ရွှင်ခဲ့ဝမ်းနည်းခဲ့။
ငိုလည်းအတူ ရယ်မောနေလည်း အတူတူ...
မရှိမဖြစ်ဟူသည့်ခေါင်းစဥ်အောက်မှာ သူ့လက်ကိုသာ ချိတ်တွယ်ရင်း အားကိုးခဲ့သည့် သက်တမ်းလွှာတွေဟာ နင်းပစ်ရုံနှင့် ကြေမွနိုင်သည့် အပင်ပေါက်လေးလည်းမဟုတ်။ သက်တမ်းရင့် အမြစ်အပွါးတွေ ကုပ်ကပ်တွယ်ဆွဲထားသော သစ်ပင်အိုကြီးဆိုတာထက်ကို ပိုသည့် သံယောဇဥ်တွေသာဖြစ်သည်။

🤍"ချစ်သူသိစေ"🤍 [Ongoing]Where stories live. Discover now