(၁၂)🤍

154 41 22
                                    

Unicode

ဒီနေ့ Namjoonပိတ်ရက်ဖြစ်သည်။
Hoseokဧည့်ခန်းထဲမှာ နေရာယူပြီး Riနှင့် လက်မောင်းလှဲတမ်းဆော့နေစဥ် ဘေးကို စာအုပ်ပုံတစ်ပွေ့ကြီးနှင့် လာထိုင်သည်။

"ဟာ!! အဲ့ဒါ ငါသောက်နေတာ."

စားပွဲပေါ်က လိမ္မော်ရည်ခွက်ကို မပြောမဆိုယူသောက်လိုက်တာကြောင့် Hoseokအော်သံကြီး ထွက်လာသည်။

"ဘာလို့လဲ..ရွံလို့လား။ဒါဆို ငါအသစ်ဖျော်-"

"မဟုတ်- မရွံပါဘူး။ ဘွား ဖျော်ပေးထားတာကို သောက်ချင် ကိုယ့်ဘာသာဖျော်မသောက်ဘဲနဲ့။"

"ဘာဖြစ်လဲကွာ..သောက်မှာပဲ။"

Hoseokက မကျေမချမ်းတစ်ချက်ကြည့်ရုံကလွဲ၍ ဘာမှမပြောတော့။ ပါလာသည့် စာအုပ်ပုံထဲမှ စာအုပ်တစ်အုပ်ကို လှန်လှောနေသည့်Namjoonသည် ရှပ်လက်ရှည်အနီရောင်ကိုတံတောင်ဆစ်ထိခေါက်တင်ထားသည်။ အလျင်စလိုဘောပင်တစ်ချောင်းဖြင့် မှတ်သားနေသည့်လက်ချောင်းတို့က လက်သည်းတို. တိတိဝိုင်းဝိုင်းလေးဖြင့် ကြည်သန့်နေသည်။ ဒါကို Hoseokကြိုက်သည်။ လူတိုင်းတွင်ရှိတတ်သည့် ကိုယ်စီအကျင့်များကဲ့သို့ လူတစ်ယောက်သည် ဘယ်သူဖြစ်နေနေ ဤကဲ့သို့လက်သည်းလေးများ တိုတိကာကြည်ကြည်သန့်သန့်လေးဖြစ်နေလျှင် Hoseokအကြိုက်ဖြစ်သည်။

"Namjoon"

"ဗျာ..."

မော့မလာဘဲ သံရှည်စွဲကာ ထူးသံကို Hoseokတင်မက Riပါ မျက်ခုံးပင့်ကာ လှမ်းကြည့်သည်။

"ကြည့်ကောင်းချင်ယောင်ဆောင်မနေနဲ့။"

"ဟင်."

အထူးအဆန်းစကားကြောင့် Namjoonကြောင်သွားသည်။

"ဘာပြောတာလဲ။"

"အင်းလေ ဘာဖြစ်တာလဲ မင်းက"

Riပါ ဝင်ပြောလာမှ ဆူပုတ်ပုတ်Hoseokမျက်နှာ ခပ်အမ်းအမ်းဖြစ်သွားသည်။

"ဘာမှမဖြစ်ဘူး။ လက်မောင်းလှဲမလား။"

"ဘာ...ငါနဲ့လား။"

သူ့ကိုယ်သူ လက်ညှိုးထိုးလျက်မေးသည်ကို Hoseokခေါင်းညိမ့်ပြလိုက်သည်။

"ဖြစ်ပါ့မလား မလုပ်ချင်ပါဘူး။"

ခေါင်းခါပြကာ စာပြန်ငုံ့ရေးနေသည်မို့ Hoseok ဘောပင်ကို ဆွဲယူလိုက်သည်။

🤍"ချစ်သူသိစေ"🤍 [Ongoing]Where stories live. Discover now