Unicode
ဆိုင်ခန်းတစ်ခုထဲ၌ Hoseokနှင့် Namjoonတို့ ရှေ့ဆင့်နောက်ဆင့်လျှောက်နေကြသည်။ လက်ဆောင်ပစ္စည်းတွေ အဓိကရောင်းချသော ဆိုင်တစ်ဆိုင်ဖြစ်ပြီး Shoppingထွက်ရတာကြိုက်သည့် Hoseokစိတ်ပြေလက်ပျောက်ဖြစ်အောင် Namjoonခေါ်လာခဲ့ခြင်းဖြစ်သည်။
ဒီနေ့ တစ်မူထူးနေသည်က နှစ်ယောက်သား မတိုင်ပင်ထားပါပဲ ရှပ်အဖြူနှင့် ဂျင်းပန်အပြာနုနုတို့ကို ဝတ်ဆင်ထားကြခြင်းပင်။ ဖိနပ်ကအစ အဖြူစွတ်စွတ်လေးတွေဖြစ်ကာ Namjoonက မျက်မှန်တပ်ထားသည်ကလွဲ သူများမြင်လျှင် တိုက်ပြီးဝတ်ထားသလားတောင်အောက်မေ့ရသည်။
Hoseokဆံပင်များက စည်းမထား။
အနက်ရောင်ခေါင်းစည်းကြိုးလေးက ထုံးစံအတိုင်း Namjoonလက်ကောက်ဝတ်မှာရှိသည်။ခပ်မှန်မှန်လျှောက်လာရင်းက ၃ဆင့်မြောက်အရောင်းစင်ပေါ်က နာရီလေးကိုတွေ့တော့ Hoseokမျက်လုံးတွေလက်ခနဲ..။ Namjoonလက်ကို လှည့်ကြည့်လိုက်တော့ ခေါင်းစည်းကွင်းမှအပ ဘာနာရီမှပတ်မထားသည်ကိုတွေ့သည်။ ကိုယ်ရံတော်လုပ်ခဲ့တုန်းကတော့ ဆက်သွယ်ရေးအတွက် နာရီလေးကိုသာ ဝတ်ဆင်ခဲ့တာ။
ဝယ်ပေးမည်ဟုဆုံးဖြတ်ကာ နာရီလေးအား လှမ်းယူတော့ နာရီမဟုတ်ဘဲ အခြားလက်တစ်ဖက်၏ အထိအတွေ့မို့ လန့်သွားရသည်။ သေချာကြည့်တော့ သူ့ထက်ဦးသွားသူ၏ လက်အား ဆုပ်ကိုင်ထားမိခြင်းဖြစ်သည်။
"ဒါ ကျွန်တော် ဝယ်မလို့ပါ။"
"ငါအရင်မြင်တာ "
"Jung..."
ပန်းပွင့်လေး ကပ်ထားသည့် အိတ်လေးတစ်လုံးကို မျက်စိကျနေရာမှ သူများနှင့်အကြည့်ချင်းစစ်ထိုးနေသည့် စာရေးဆရာအနားသို့ Namjoonရင်ထိတ်ကာ ကပ်လာရသည်။
တစ်ဖက်က ကောင်လေးကတော့ ရည်ရည်မွန်မွန် ရှိသည့်ပုံပင်။ Hoseokကသာ သူဌေးသားဆိုးဆိုးလေးမို့ ရန်မူပြီး ကြည့်နေပေမယ့် ထိုကောင်လေးက ခပ်ကြောင်ကြောင်ဖြစ်နေသည်။
"ဒါပေမဲ့ ကျွန်တော်အရင်ယူလိုက်တာပါ။"
Hoseokက လက်ကို မဖယ်ပေးဘဲ စူးရှသည့်အကြည့်များဖြင့်သာ ကောင်လေးကိုကြည့်နေသည်။
YOU ARE READING
🤍"ချစ်သူသိစေ"🤍 [Ongoing]
Fanfictionအစိမ်းရောင်တွေကြားထဲ နေရောင်ခြည်သေးသေးလေး လှုပ်ခတ်နေရင် ကိုယ့်မှာ အကြိမ်ကြိမ် သေရတယ် သက်လှယ်....။