Unicode
"Seok...ငါပြန်ရောက်ပြီ။"
"ပြန်ရောက်တာ ငါက ဘာလုပ်ရမှာလဲ။"
မြေဆွမပြတ်ပြောနေသည့် Hoseokကို Ri အသည်းယားစွာကြည့်မိသည်။
" ဘာလဲ အဲ့ဒါက စိတ်ဆိုးနေတာလား။"
"အားအားယားယား..."
ဘေးမှာရပ်နေသည့် Riကို Hoseok ပုခုံးနှင့်တိုက်ဖယ်ကာ နောက်ပန်းအိုးဆီသို့ ဆူပုတ်ပုတ်နှင့် ကူးခဲ့သည်။
"Hoonတို့က အတင်းခေါ်သွားလို့ပါကွာ။ မင်းကိုတစ်ယောက်တည်းထားခဲ့တာမဟုတ်ပါဘူး။"
"....."
"Seok.."
"..."
"ငါ့ညီလေး..."
"ဒီကိုကြည့်ပါဦး။"
မေးဖျားကိုလာဆွဲသည်မို့ Hoseokမျက်ထောင့်နီနှင့် လှည့်ကြည့်သည့်အခါ Riက လက်သီးဆုပ်ပြီးလက်မ,ကိုထုတ်ကာနားထင်မှာ ထောက်လိုက်သည်။ ဘာလုပ်မလဲဆိုတာ တန်းသိလိုက်တာမို့ Hoseokရယ်ချင်သွားသည်။ ထိုအတိုင်းပင်ချောမောလွန်းစွာ ပြုံးပြလာချိန်မှာတော့ Hoseokခေါင်းခါကာ 'အရူး'ဟု ရွတ်လိုက်မိသည်။ သူကိုယ်တိုင် ပြုံးမိသည်ကိုလည်း ထိန်းချုပ်၍မရ။
ဒါဟာ သူစိတ်ဆိုးတိုင်း ငယ်ငယ်တည်းက Ri တောင်းပန်သည့် Signလေးတစ်ခုဖြစ်သည်။ မျက်လုံးတွေပျောက်မတတ်ရယ်ပြသည့်နေရာမှာတော့ Riက ဆရာတစ်ဆူပင်။ ချောချောမောမောမျက်နှာလေးကို ဆက်ပြီး စိတ်မဆိုးနိုင်အောင်လုပ်သည့်နေရာမှာလည်း တော်သည်။
Hoseokပြုံးလာတော့ Riက တဟားဟားထရယ်ကာ ပါးကို အတင်းဖက်နမ်းတော့သည်။
"ဟေ့ကောင်! ဘာလုပ်တာလဲ ရွံစရာ ဖယ်စမ်း!!!"
"Energyတွေ ထည့်ပေးမလို့လေ။ မင်းငယ်ငယ်တည်းက ဒီလိုပဲထည့်ပေးလာတဲ့ဟာကို ဘာဖြစ်တာလဲ။"
"Ri!!! စိုကုန်ပြီကွာ ဖယ်စမ်းပါဆို။"
"နောက်ဆုံး Special One.."
ပါးနှစ်ဖက်ကို ဖိအုပ်ကိုင်ကာ နဖူးကို အသံပါမြည်အောင် ဖိနမ်းပစ်တာကြောင့် Hoseokမျက်လုံးကို စုံမှိတ်ချလိုက်မိသည်။
"ဟေ့ကောင်!! သေချင်နေပြီလား"
Hoseokအော်သံဆုံးတော့ Riက ရယ်မောကာ ကိုင်ထားတာကို လွှတ်ပြီး ထပြေးသွားသည်။ Hoseokက နဖူးကို အားနှင့် ပွတ်သုတ်ပြီး ဖိနပ်ချွတ်ကာ Riနောက်ကျောသို့ အားကုန်ပစ်ပေါက်လိုက်သည်။
YOU ARE READING
🤍"ချစ်သူသိစေ"🤍 [Ongoing]
Fanfictionအစိမ်းရောင်တွေကြားထဲ နေရောင်ခြည်သေးသေးလေး လှုပ်ခတ်နေရင် ကိုယ့်မှာ အကြိမ်ကြိမ် သေရတယ် သက်လှယ်....။