အပိုင်း(၅) လုံမိသားစု

1K 179 5
                                    

တကယ်တော့ စာဝါငှက်လေး စိုးရိမ်နေရတဲ့အကြောင်းရှိနေသည်။ ဘာလဲဆို သူ့ရှေ့ကလူက ဒီကမ္ဘာမှာ ကော တစ်ယောက်ဖြစ်နေလို့ပင်။  ကောဆိုတာက ကလေးမွေးနိုင်တဲ့ ယောင်္ကျားတွေဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်က ယောင်္ကျားလေးပဲဆိုပေမယ့်လည်း နဖူး၌ ကိုယ်ဝန်ဆောင်မှဲ့ဟု ခေါ်သော မှဲ့နီလေးပါရှိကာ လူများ၏အမြင်တွက် ကောများက မိန်းမတွေနဲ့အလားသဏ္ဍာန်တူကျပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို လုံခြုံအောင်ထိန်းသိမ်းသင့်သည်။ မဖော်ချွတ်သင့်ပေ။

ဒါပေမယ့် သူ့ရှေ့ကလူအိုကြီးက ဒါကိုမသိသေးပဲ သူ့ကိုယ်သူ ယောင်္ကျားတစ်ယောက်ပဲထင်ပြီး လုပ်နေတာကိုကြည့်ကျပါဦး။ တစ်ယောက်ယောက်များ မြင်သွားရင်တော့ သူ့သတင်းက မြောင်းထဲ ဝှီးခနဲဆိုရောက်သွားလိမ့်မည်။ ဒါပေမယ့်လည်း သူဒါကိုဘယ်လိုပြောပြနိုင်မှာလဲလို့။ (ဟဲလို လူကြီးမင်းက ဒီကမ္ဘာမှာ ယောင်္ကျားလေးပဲဆိုပေမယ့်လည်း ကလေးမွေးနိုင်တဲ့သူမလို့ အနေထိုင်ဆင်ခြင်ပါလို့လား) ဟင့်အင်း အဲဒီ ဆယ့်နှစ်နှစ်အရွယ် ခန္ဓာကိုယ်နဲ့ လူအိုကြီးက သူ့ကိုသေချာပေါက်ဒေါသထွက်လောက်မှာ။ ဒီခန္ဓာကိုယ်ရဲ့မှတ်ညာဏ်တွေ တဖြေးဖြေးပြန်ရလာမှ သူ့ဘာသာသိသွားစေချင်ပြီး အဲဒီအချိန်ကျရင် သူ(စာဝါငှက်)က တစ်နေနေရာမှာခဏရှောင်နေပြီး သူ့(လုံချီ)ဒေါသပြေလောက်မှ ပြန်လာလိုက်မယ်လို့လည်း ကြိုတွေးထားသည်။

ထိုကဲသို့ ဒသမဆယ့်သုံးက အတွေးများနေသော်လည်း ဒီအကြောင်းမသိသေးတဲ့ လုံချီကတော့ လုံးတီးလေးနှင့်ပင်  မီးဖုတ်ထားတဲ့ပုစွန်တွေကို ပူပူလောင်လောင်နှင့်စားနေပြီဖြစ်၏။ ဘာဟင်းခက်မှုန့်မှမပါပေမယ့်လည်း ပုစွန်ဆိုတာက ဒီတိုင်းလည်းစားကောင်းတဲ့အမျိုးဆိုတော့ အရသာက အဆိုးကြီးမဟုတ်လှပါချေ။ ပြီးတော့ လတ်လတ်ဆက်ဆက်ဖြစ်လို့ ချိုတောင်ချိုနေသေးသည်။

လုံချီစားနေတာမြင်တော့ ဒသမဆယ့်သုံးက အတွေးများနေခြင်းကိုရပ်လိုက်ပြီး သူ့အတွက်လည်း ပေးရန်တောင်းလိုက်သည်။ ဒါကိုကြားတော့ လုံချီက..

"....ငှက်တွေကအသားစားလို့လား"

ဒသမဆယ့်သုံးက မှင်သေသေနှင့်ပြန်ဖြေလိုက်သည်။

Qi Qi (ချီချီ)Where stories live. Discover now