အပိုင်း(၁၀) ဘဝသစ်ရဲ့ဒုတိယမြောက်နေ့

872 140 5
                                    


"အမယ်လေး!! ဘယ်အချိန်ရှိနေပြီလဲ မနက်စာခုထိမချက်ရသေးဘူးလား!"

မနက်ခင်းတွင် ငှက်ဆိုး၏အသံနှင့်ဆင်တူသော အသံကြောင့် လုံချီနိုးလာခဲ့ရသည်။

ထိုအသံကတော့ စုမိန်ရဲ့အသံဖြစ်ပြီး သူမက နိုးလာလာချင်း မီးဖိုချောင်ထဲသွားကြည့်ရာ လုံချီတစ်ယောက် မနက်စာချက်မထားရသေးသဖြင့် အော်ဟစ်နေချင်းပါပင်။ အမျိုးသမီးစုတစ်ယောက် လုံချီ ခုထိအိပ်ရာကမထသေးဘူးဆိုတာသိလိုက်ရတော့ အရိုးထဲကနေတောင် ဒေါသတွေစိမ့်ထွက်လာတော့သည်။

ဒီအိမ်မှာဘယ်သူတွေကသခင်၊ ဘယ်သူကကျွန်ဆိုတာအသိသာကြီး။ သူကများ သခင်တွေနဲ့တန်းတူအိပ်ရဲတယ်ပေါ့လေ။

စုမိန်က အရမ်းဒေါသထွက်လွန်းလို့ သည်းမခံနိုင်တော့ပဲ ရေကန်ထဲကနေရေအေးတစ်ဇလုံခပ်ပြီး လုံချီရဲ့အခန်းကိုသွားလိုက်သည်။ အရင်က သူ့ကလေးတွေမမွေးခင်မှာ လုံရီရောရှိလို့ အခန်းတစ်ခန်းမပေးချင်ပေးချင်နဲ့ပေးထားရပေမယ့် အခုတော့ လုံချီတစ်ယောက်ထဲဖြစ်နေပြီး သူ့ရဲ့သားသမီးတွေတောင် တစ်ခန်းကိုနှစ်ယောက်မျှသုံးနေရတဲ့အချိန်မှာ ဒင်းက တစ်ယောက်ထဲတစ်ခန်းသုံးနေတာကို စုမိန်ကလုံးဝမကျေနပ်ပါဘူး။ သူ့အငယ်ဆုံးသားလေးကို ခွဲအိပ်တဲ့အကျင့်လုပ်ပေးပြီး ဒီအခန်းကိုမကြာခင်ပြန်သိမ်းရမယ်ဟု တွေးထားသည်။ စုမိန်က လုချီရဲ့အခန်းရှေ့ရောက်တော့ အခန်းတံခါးကိုကန်ဖွင့်လိုက်ပြီး လုံချီထံသွားကာ ရေများအေးများနှင့်လောင်းပတ်ချလိုက်သည်။

အော်သံကြောင့် နိုးလာတဲ့လုံချီတစ်ယောက် နာကျင်နေတဲ့ခန္ဓာကိုယ်ကြောင့် ထမရပ်နိုင်သေးခင်မှာတင် ရေအေးတဇလုံနှင့်အပတ်ခံလိုက်ရတာကြောင့် စက္ကန့်အနည်းငယ်လောက် ဘာမှမတွေးနိုင်ဖြစ်သွားရှာသည်။ စုမိန်က ရေမရှိတော့သည့်သစ်သားဇလုံကို လုံချီအရှေ့ပြစ်ချလိုက်ပြီး ခါးထောက်ကာ လုံချီအား ပယ်ပယ်နှယ်နှယ်စတင်အော်ဟစ်လာတော့လေ၏။

"စောက်ပျင်းထူတဲ့ကောင်! ခုထိမထသေးဘူး နင့်ကိုယ်နင်အိမ်တော်သခင်လေးလို့များ အိမ်မက်မက်နေသလား ဟမ်! တစ်နေကုန် ဘာအလုပ်မှမယ်မယ်ရမလုပ်ပဲ စားကျစားချင်တယ် အခုမနက်စာသွားချက်စမ်း! အလုပ်မလုပ်ချင်ရင် စားလည်းမစားချင်နဲ့ နင့်လိုအပျင်းထူတဲ့ကောင်ကို ဘယ်သူကလက်ထပ်မလဲဆိုတာ ကြည့်ချင်သေးတယ် ဒီနေ့ နင်ရှက်တက်ရင်မနက်စာမစားနဲ့! "

Qi Qi (ချီချီ)Where stories live. Discover now