အပိုင်း(၉) ဇောက်ထိုးဆွဲခံရတဲ့စာဝါငှက်

896 147 14
                                    


ငှက်၏ မျက်နှာလုပ်မှုကို လုံချီက ကျေကျေနပ်နပ်ကြီးပဲ လက်ခံလိုက်သည်။ ဘာလို့ဆို သူဗိုက်ဆာနေတာလေ။ သစ်တော်သီးရိုင်းလေးတစ်လုံးက ဗိုက်မပြည့်နိုင်ပေမယ့်လည်း ဘာမှမစားရတာထက်စာရင်တော့ တော်သေးတာပဲမလား။

[ဟီးဟီး သခင် ဗိုက်ဆာနေမယ်ဆိုတာသိလို့ ဒီစာဝါငှက်လေးက ပင်ပင်ပန်းပန်းသယ်လာပေးတာ ပြီးတော့ သခင်ရေ သတင်းကောင်းရှိတယ်ဗျာ သခင် ဒီနေ့ ဒေါသမှတ် ရှစ်မှတ်တောင်စုဆောင်းနိုင်ခဲ့တယ်သိလား သခင်ကအရမ်းတော်တာပဲ]

လုံချီက သစ်တော်သီးကို သုံးလေးကိုက်နဲ့အပြောင်ရှင်းလိုက်ပြီး ငှက်ကိုလှမ်းဖမ်းကာ ပြောလိုက်သည်။

"ရှစ်မှတ် မင်းစိတ်ထဲ ရှစ်မှတ်ကအရမ်းများတယ်လို့များတွေးနေသလား ဟမ် ငါဒီနေ့ဘာတွေလုပ်ခဲ့လဲ နိုးလာလာချင်း လုံမိသားစု ညစာအတွက် ငါးတွေပုစွန်တွေဖမ်းခဲ့တယ် ဒါပေမယ့် အဆူဆဲခံရတဲ့အပြင် ထင်းသုံးစည်းမှမရရင် ညစာမစားရဘူးလို့လည်းအပြောခံရတယ် ငါ့မှာထင်းစည်းတွေသယ်ရင်း မှောက်လဲလို့ဒဏ်ရာတောင်ရခဲ့သေး ဒါပေမယ့် လုံမိသားစုက ငါ့အတွက်ညစာမချန်ထားခဲ့ဘူး ကျန်နေတဲ့ဟာက သူများမိသားစုတွေ ခွေးတွေကြောင်တွေကျွေးတာလောက်တောင်မရှိဘူး ပြီးတော့ ထပ်ပြီးအဆူဆဲခံရသေး ပြီးတော့ သူတို့စားပြီးသားပန်းကန်တွေလည်းဆေးရသေးတယ် ဒါတောင်မှ ရှစ်မှတ်ပေါ့ ရှစ်မှတ်ပဲပေါ့လေ!"

လက်ထဲအညှစ်ခံထားရတဲ့ ငှက်ခဗျာ လုံချီရဲ့ဒေါသထွက်နေတဲ့ မျက်နာကိုကြည့်ပြီး ကျောချမ်းလာ၏။ အာ...ဒီလူက စိတ်ကြီးတယ်လို့မထင်ရပေမယ့် စိတ်ကြီးမယ့်ပုံပဲ။

ငှက် ဘာမှပြောနိုင်သေးခင်မှာပင် လုံချီသည် သူ၏ငှက်ခြေထောက်လေးများကို ကြိုးဖြင့်စုချည်လိုက်လေသည်။ ပြီးနောက် ဇောက်ထိုဆွဲလိုက်ပြီး ကြိုးအား ဘယ်ညာခါယမ်းကာ...

"ကော...ဟုတ်လား မင်းကြိုပြောတော့ငှက်ကင်ဖြစ်မှာမလို့လား မင်းမှာ မင်းကိုယ်မင်း မိတ်ဆက်ချိန်တောင်ရှိခဲ့သေးတယ်လေ အရည်မရအဖက်မရတွေပြောနေမယ့်အစား အရေးကြီးဆုံးအချက်တွေကိုပြောပါ့လား ဟမ်! ဘာ! အိမ်ထောင်မပြုရင် တစ်သက်လုံး လုံမိသားစုကို ဒုက္ခပေးနေရမယ် မဟုတ်ရင် ပြစ်ဒဏ်ထိမယ်ပေါ့လေ မင်းဘိုးအေကြီးငါက အဖြောင့်စစ်စစ်ကြီးကွ လီးလို့ယောင်္ကျားတစ်ယောက်နဲ့အိမ်ထောင်ပြုရမှာလား!!"

Qi Qi (ချီချီ)Where stories live. Discover now