Description

5.8K 343 2
                                    

တစ်ခါတုန်းက အလုပ်လက်မဲ့ဖြစ်နေသည့် လုပ်ကြံသူတစ်ယောက်ရှိပါ၏။

သူသည် အိတ်ကပ်ပါးလာသည်နှင့်အမျှ တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး အရောင်းသမားလိုဝန်ဆောင်မှုပေးဖို့ဆုံးဖြတ်ခဲ့တော့သည်။

"ခင်ဗျားမှာ ရန်သူရှိလား။ခေါင်းတစ်လုံးကို တစ်ရာပဲပေး"

ဒါဟာ အရမ်းကောင်းသည့် ကမ်းလှမ်းမှုတစ်ခုဖြစ်သော်ငြား အကြောင်းတစ်စုံတစ်ရာကြောင့် ဘယ်သူမှမယူချင်ကြသည်မှာ ထိုအချိန်မတိုင်ခင်အထိပင်...

"ခင်ဗျားမှာ ရန်သူရှိလား။ခေါင်းတစ်လုံးကို တစ်....ငါးဆယ်ပဲပေး"

"ငါ့မှာ ရန်သူမရှိဘူး၊ဒါပေမယ့် မင်းကိုငါ့ရဲ့ကိုယ်ရံတော်အဖြစ်ငှားနိုင်တယ်"

"လုပ်ကြံသတ်ဖြတ်သူတွေမှာလည်း သူတို့ရဲ့မာနရှိတယ်ကွ"

"တစ်လကို ငါးသောင်း၊ အစားအသောက်နဲ့နေရေးထိုင်ရေးပါ ပါမယ်"

"သဘောတူတယ်!"

ဤသို့ဖြင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် အလုပ်လက်မဲ့ဖြစ်လာပြီးကတည်းက ရယ်စရာဇာတ်လမ်းတိုတစ်ပုဒ် မွေးဖွားလာပါ‌တော့သည်။

\

Cc's Notes_ဒါလေးဘာသာပြန်ထားတဲ့သူရှိလားတော့မသိဘူး။ကိုယ်ရှာကြည့်တာတော့မတွေ့ဘူးရယ်။ဇာတ်လမ်းအတိုလေးတစ်ပုဒ် ဘာသာပြန်ချင်စိတ်ပေါက်လာလို့ ဒါလေးကိုရွေးလိုက်တာပါ။9ပိုင်းထဲမလို့ updateကတော့ ဖြေးဖြေးချင်းပဲသွားမယ် xD

Zawgyi

တစ္ခါတုန္းက အလုပ္လက္မဲ့ျဖစ္ေနသည့္ လုပ္ႀကံသူတစ္ေယာက္ရွိပါ၏။

သူသည္ အိတ္ကပ္ပါးလာသည္ႏွင့္အမွ် တစ္အိမ္ဝင္တစ္အိမ္ထြက္ၿပီး အေရာင္းသမားလိုဝန္ေဆာင္မႈေပးဖို႔ဆုံးျဖတ္ခဲ့ေတာ့သည္။

"ခင္ဗ်ားမွာ ရန္သူရွိလား။ေခါင္းတစ္လုံးကို တစ္ရာပဲေပး"

ဒါဟာ အရမ္းေကာင္းသည့္ ကမ္းလွမ္းမႈတစ္ခုျဖစ္ေသာ္ျငား အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ဘယ္သူမွမယူခ်င္ၾကသည္မွာ ထိုအခ်ိန္မတိုင္ခင္အထိပင္...

"ခင္ဗ်ားမွာ ရန္သူရွိလား။ေခါင္းတစ္လုံးကို တစ္....ငါးဆယ္ပဲေပး"

"ငါ့မွာ ရန္သူမရွိဘူး၊ဒါေပမယ့္ မင္းကိုငါ့ရဲ႕ကိုယ္ရံေတာ္အျဖစ္ငွားနိုင္တယ္"

"လုပ္ႀကံသတ္ျဖတ္သူေတြမွာလည္း သူတို႔ရဲ႕မာနရွိတယ္ကြ"

"တစ္လကို ငါးေသာင္း၊ အစားအေသာက္နဲ႕ေနေရးထိုင္ေရးပါ ပါမယ္"

"သေဘာတူတယ္!"

ဤသို႔ျဖင့္ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ အလုပ္လက္မဲ့ျဖစ္လာၿပီးကတည္းက ရယ္စရာဇာတ္လမ္းတိုတစ္ပုဒ္ ေမြးဖြားလာပါေတာ့သည္။

\

Cc's Notes_ဒါေလးဘာသာျပန္ထားတဲ့သူရွိလားေတာ့မသိဘူး။ကိုယ္ရွာၾကည့္တာေတာ့မေတြ႕ဘူးရယ္။ဇာတ္လမ္းအတိုေလးတစ္ပုဒ္ ဘာသာျပန္ခ်င္စိတ္ေပါက္လာလို႔ ဒါေလးကိုေ႐ြးလိုက္တာပါ။9ပိုင္းထဲမလို႔ updateကေတာ့ ေျဖးေျဖးခ်င္းပဲသြားမယ္ xD

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now