အခန်း [ ၃ ]

1.8K 391 2
                                    

• အိမ်

"ဖေးရွှမ်းလေး၊ ကိုယ့်ကိုဓားသိုင်းကပြပါလား"

ကံမကောင်းသည့်အလုပ်ရှင်ဟာ ထူးဆန်းသည့်တောင်းဆိုမှုများစွာကို နေ့တိုင်းပြုလုပ်တတ်ပါ၏။လုပ်ကြံသူသည် မျက်လုံးများကို ဖွင့်ကြည့်ဖို့အတွက်အနှောင့်အယှက်ဖြစ်မနေဘဲ၊

"ကျွန်တော်ကလုပ်ကြံသူနော်၊ လမ်းပေါ်ကဖျော်ဖြေသူမဟုတ်ဘူး၊ ပြီးတော့ကျွန်တော့်ကို ဖေးရွှမ်းလေးလို့မခေါ်နဲ့၊ ကျွန်တော့်ရဲ့ ဘယ်နေရာကများသေးနေလို့လဲ?"

မှန်ပါသည်။လုပ်ကြံသူတွင် တကယ်တော့နာမည်ရှိ၏။သူ့နာမည်က ကျောက်ဖေးရွှမ်းဖြစ်ပြီး သူ့မျိုးရိုးနာမည်ကိုပါ လုပ်ကြံသူ၏ယခင်ကဆရာကိုယ်တိုင် အဆင်ပြေသလိုပေးထားခဲ့ခြင်းပင်။

ကံမကောင်းသည့်အလုပ်ရှင်သည် သူ့နာမည်ကိုသိသွားပြီးနောက်မှာတော့ တကြော်ကြော်ပင် လိုက်၍အော်ခေါ်နေတတ်သည်။

"ဖေးရွှမ်းလေး ၊ ဖေးရွှမ်းလေး"

သူနဲ့ အဲ့'လေး'ဆိုတာက ဘာမှကိုမသက်ဆိုင်တာပါနော်၊ ဟုတ်ပြီလား!

လုပ်ကြံသူတစ်ယောက်အနေဖြင့်ကြည့်ပါက သူ့ခန္ဓာကိုယ်မှာ သွယ်လျ၏။သို့သော် ကိုယ်ခံပညာများအား သူလေ့ကျင့်ရသဖြင့် သူ့ခန္ဓာကိုယ်သည် အချိုးညီမျှကာ ချောမွတ်သည့်ကြွက်သားအလွှာများဖြင့်ဖုံးလွှမ်းနေပြီး သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည့်ချွန်ထက်သည့်ဓားကဲ့သို့ လှပလျက်ရှိသည်။

သူ့မျက်နှာမှာလဲ အတော်လေးပိန်သွယ်လှ၏။ထိုသည်ကို ကျောက်ဟွိုင်သာ မှတ်ချက်တစ်ခုပြုနိုင်လိမ့်မည်ဆိုပါက သူသေချာပေါက်ဒီလိုပြောလိမ့်မည်ပင်..

"တစ်ဆယ်"

ကျောက်ဟွိုင်သည် လုပ်ကြံသူနွှာပေးသည့်သစ်တော်သီးအား စားလိုက်ရင်း ပျင်းရိလေးတွဲ့နေသည့်လေသံဖြင့် ပြောလာသည်။

လုပ်ကြံသူဟာ ဂရုပြုလျက် သူ့လက်ကိုဆန့်ထုတ်လာ၏။‌ နောက်ဆုံးတွင် ဒီကံမကောင်းသည့်အလုပ်ရှင်ဟာ မျက်စိတစ်မှိတ်အတွင်း၌ သူစကားကို ပြန်ပြောင်းကာရုတ်သိမ်းသွားခြင်းမျိုးမရှိခဲ့ပါချေ။သူ့ဝတ်ရုံလက်များအတွင်း၌ ငွေတုံးများပြည့်သွားပြီး အလေးချိန်ကိုခံစားမိလိုက်ကာမှသာ ၎င်းတို့မှာ လုံခြုံသွားလိမ့်မည်ဖြစ်သည်။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now