အခန်း [ ၆ ]

1.7K 363 6
                                    

မိန်းမပျိုလေးမှမုန့်များပေးခြင်း

ကျောက်ဟွိုင် နားလည်သွားခဲ့သည်။ကျောက်ဖေးရွှမ်းက ထုံထိုင်းသူမဟုတ်ပါဘဲ သူ့ဦးနှောက်ကို ‌အုတ်ခဲများဖြင့်ဖွဲ့စည်းထားခြင်းသာဖြစ်၏။

သူ ရက်ပေါင်းများစွာ စိတ်ဆိုးပြီးတိတ်ဆိတ်နေတာတောင် ကျောက်ဖေးရွှမ်းက ထိုအကြောင်းအား လုံးဝကိုမေ့ပျောက်သွားခဲ့သည်။၎င်းမှာ တော်တော်လေးဒေါသထွက်စရာကောင်းလှ၏။သို့သော် ပိုဆိုးသည်မှာ ထိုသူသည် မိန်းမပျိုလေးတစ်ဦးပေးသည့် နူးညံ့ပြီး လှပသည့်အချိုမုန့်များအား သွားရောက်ကာလက်ခံနေခြင်းပင်။

မိန်းမငယ်လေး၏နာမည်မှာ ယန်ရိရိ ဖြစ်ပြီး ချန်အန်လမ်းမှအချိုပွဲမုန့်ဆိုင် ပိုင်ရှင်၏သမီးပင်ဖြစ်သည်။သူတို့၏ အချိုမုန့်များမှာ ရနံ့မွှေးချိုကာ နူးညံ့ပြီးအရသာရှိသည့်အပြင် ထူးကဲသည့်ပုံသဏ္ဍာန်များလဲရှိ၏။ကျောက်ဖေးရွှမ်းမှာ ၎င်းတို့ကိုအလွန်နှစ်သက်သည်ဖြစ်ရာ အချိုမုန့်များဝယ်ဖို့အတွက် မကြာခဏသွားတတ်သည်။ထို့နောက်မှာတော့ မိန်းမငယ်လေး၏ချစ်ခင်နှစ်သက်မှုကိုရရှိသွားခဲ့သည်။

ယန်ရိရိမှာ ဒီနှစ်ဆို၁၆နှစ်ရှိပြီဖြစ်ပြီး တက်ကြွကာချစ်ဖို့ကောင်းသည့် ပိုင်ရှင်ယန်၏တစ်ဦးတည်းသောသမီးဖြစ်သည်။သူဌေးယန်နှင့်သူ့ဇနီးသည်မှာ သူတို့၏သမီးဖြစ်သူအား အလွန်ချစ်ခင်ကြ၏။သူမ ဘာကိုပဲလိုချင်ပါစေ၊ထိုအရာက သူတို့၏အစွမ်းဖြင့်ရရှိနိုင်ပါက သူတို့ဖြည့်စည်းပေးမည်သာဖြစ်သည်။

တကယ်တော့ ယန်ရိရိသည် ကျောက်ဖေးရွှမ်းနှင့်စကားများများမပြော‌ဖူးပေ။သို့သော် ဤသို့ချောမောသည့်ရုပ်ရည်နှင့် ပြေပြစ်သည့်ခန္ဓာကိုယ်ကြောင့် ကျောက်ဖေးရွှမ်းမှာတစ်နေရာထဲတွင်ရပ်နေလျှင်တောင် လှပသည့်ပန်းချီကားတစ်ချပ်အသွင်ဖြစ်နေလိမ့်မည်ပင်။မိန်းမငယ်လေးမှာ အကြိမ်ရေတော်တော်များများခိုးကြည့်နေမိပြီး နောက်ဆုံးမှာတော့သူမ၏နှလုံးသားထဲမှာ ဝန်ခံလိုက်ရတော့၏။

သူဌေးယန်နှင့်သူ့ဇနီးသည်မှာ ဒီလူငယ်လေးကအလွန်ဆင်းရဲသည်ဟုတွေးမိသော်လည်း သူတို့သမီးဖြစ်သူ၏အချစ်ရေးကိစ္စ၌ ဝင်ရောက်နှောင့်ယှက်ဖို့အထိ စိတ်ကူးမရှိပါချေ။ထို့အပြင် သူတို့က အလုပ်ကြိုးစားသည့်လူများဖြစ်ကြ၍ အချိုပွဲမုန့်ဆိုင်ပေါ်မှီခိုအားထားရုံနှင့်တင် တင့်တယ်သည့်အနေအထားရောက်နေပြီဟု ဆိုလို့ရ‌နေသည်။သူတို့သည် သူတို့၏အဖိုးတန်သမီးလေးအတွက် လက်ထပ်မည့် သတို့သားလောင်းရှာပေးဖို့ကို အစထဲက အမြဲတမ်းရည်ရွယ်ထားခဲ့သည်ပင်။

The Unemployed Assasin [ဘာသာပြန်] /Completed/Where stories live. Discover now