*167* အတွင်းစိတ်မိစ္ဆာ

7K 1.3K 71
                                    

ထိုအချိန်မှာ ချီလန်က ဓားရေးမသင်ချင်တာကြောင့် သူ့အဖေစာကြည့်ခန်းထဲက လျှို့ဝှက်ခန်းထဲမှာ ပုန်းနေခဲ့တာဖြစ်လေသည်။

လျှို့ဝှက်ခန်းမှာက ကြီးမားတဲ့အစီအရင်တစ်ခုရှိပြီး သူက အပြင်ကသူတွေ ပြောစကားတွေကို ကြားနိုင်ပေမဲ့ အပြင်ကသူတွေကတော့ သူပြောတာလည်းမကြားနိုင်သလို အထဲမှာ တစ်ယောက်ယောက်ရှိနေမှန်းတောင် သတိပြုမိကြမှာမဟုတ်ပေ။ ဒါကြောင့် ယင်ကျင်းရဲ့အဖေနဲ့ သူ့အဖေတို့ စာကြည့်ခန်းထဲဝင်လာတဲ့အခါ သူလျှို့ဝှက်ခန်းထဲမှာ ရှိနေတာကို သတိမပြုမိကြ။

ယင်ကျင်းရဲ့အဖေက လေးပင်စွာပြောလာသည်။
"ညီလေး.. ကျင်းရဲ့ အဖမ်းခံလိုက်ရတယ်"

"ဘာ!.. ကျင်းရဲ့ ဖမ်းခံလိုက်ရတယ်!"
ချီလန်ရဲ့အဖေက အလျှင်စလို မေးလိုက်၏။
"ဘယ်သူလုပ်တာလဲ.. ဘယ်သူဖမ်းသွားတာလဲ.. လျန်မိသားစုလား"

ယင်ကျင်းရဲ့အဖေက ခေါင်းခါကာ
"အဲ့တာ ကျုံးကုနယ်မြေက မိစ္ဆာသားရဲတွေကို အုပ်ချုပ်တဲ့ မြင့်မြတ်သားရဲ သခင်ရှန်ကျဲ့ဘဲ"

"သူက ဘာလို့ ကျင်းရဲ့ကို ဖမ်းသွားတာလဲ"
ချီလန့်အဖေမှာ ဒါကို မယုံကြည်နိုင်ပေ။
"ကျွန်တော်ကြားဖူးတာတော့ သခင်ရှန်ကျဲ့က သိုသိုသိပ်သိပ်နေပြီး ကျုံးကုနယ်မြေကနေ ထွက်ခဲတယ်တဲ့.. ဘယ်လိုလုပ် သူဖြစ်နိုင်ပါ့မလဲ.. သူက ကျင်းရဲ့ကို ဘာလို့ဖမ်းတာလဲ"

"ကျင်းရဲ့မှာ သက်တံ့ရောင်ဝိညာဥ်သွေးကြောပိုင်မှန်း သူသိလိမ့်မယ်.. ဒါကြောင့်အခွင့်အရေးရတုန်း ကျင်းရဲ့ကိုဖမ်းသွားတာ.. အခု ကျင်းရဲ့ကိုကယ်ဖို် ငါနဲ့ ကျုံးကုနယ်မြေကို အတူလိုက်ပေးဖို့ လူလိုနေတယ်.. မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်.. ဒါကြောင့် မင်း ငါ့ကို ကူညီပေးနိုင်မလားလို့ ဒီကိုလာခဲ့တာ"

ချီလန့်အဖေက တွန့်ဆုတ်မှုမရှိ ချက်ချင်း ခေါင်းငြိမ့်ပြလိုက်ပြီး
"ကောင်းပြီ.. ကျွန်တော် အခု လူသွားစုလိုက်မယ်"

သူက အမြန်ဘဲ ဒီအကြောင်းကို ချီလန်ရဲ့အမေ ၊ အဘိုးအဘွားတွေနဲ့ အစ်ကိုတွေကို ပြောပြလိုက်တဲ့အခါ သူတို့အကုန်လုံးကလည်း ယင်ကျင်းရဲ့ကို သွားကယ်ဖို့အတွက် သဘောတူကြ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now