အခန်း ( ၁၇၀)
ကံဆိုးမှု၊ ရက်စက်ကြမ်းကြုတ်သော အနိုင်ကျင့်မှု။
Han Yunxi မှာ Long Feiye ၏ ခေါက်ရမ်းခြံဝန်းသို့ စိတ်အားထက်သန်စွာ လိုက်ပါလာစဉ်တွင် လွန်စွာ တက်ကြွနေခဲ့သည်။ လမ်းတလျှောက်လုံးတွင်မူ Long Feiye မှာ အလွန် တိတ်ဆိတ်နေသည်။ သူတို့နှစ်ယောက်စလုံးမှာ လမ်းလျှောက်လာရင်း တစ်ယောက်မှနောက်တစ်ယောက် လျှောက်လာကာ ခြံဝင်း၏ လမ်းခွဲတစ်ခုသို့ ရောက်လာသည်။ ညာဘက်မှာ ပင်မအိပ်ဆောင်သို့ ဦးတည်သောစင်္ကြံဆီသို့ ဦးတည်သွားကာ ဘယ်ဘက်သည် ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ ဦးတည်သွားသော လမ်းငယ်လေးဆီ ဖြစ်သည်။
ကြင်ယာတော်ကြီး Yi နှင့် ထိပ်တိုက်တွေ့ပြီးနောက် Han Yunxi မှာ ဧရာမရေခဲတုံးကြီးမှ တစ်စုံတစ်ရာပြောဆိုလာရန် မျှော်လင့်နေခဲ့သည်။ ထိမ်းမြားမဟာမိတ်ကိစ္စအတွက် Long Feiye မှာ ဧကရာဇ် Tianhui နှင့် ငြင်းခုံလာခဲ့တာလားဟု သူမက တွေးမိသည်။ ဧကရာဇ် Tianhui သည် Long Feiye ၏ အမိန့်ပြားအား မပေးအပ်လျှင် သူမအား ထောင်မှ လွှတ်ရန် ငြင်းဆန်နေခဲ့ခြင်းဖြစ်နိုင်သည်။
မဟုတ်ရင် ဧကရာဇ် Tianhui က သူမကို သတ်ချင်နေရင်တောင် Long Feiye ရဲ့ အကျိုးအတွက် အနည်းဆုံး အခွင့်အရေးတစ်ခုကို ပေးရဦးမယ်မဟုတ်လား။
လမ်းဆုံလမ်းခွအနီးသို့ ရောက်သောအခါ သူမ၏ ခြေလှမ်းများသည် နှေးကွေးသွားသော်လည်း Long Feiye မှာမူ ညာဘက်သို့ ဆက်လက်လျှောက်သွားကာ စကားမဆိုသလို ရပ်တန့်သွားခဲ့ခြင်းလည်း မရှိပေ။ကောင်းပြီ။ သူမတကယ်ကို အတွေးလွန်နေတာပဲ။
Han Yunxi မှာ Long Feiye ၏ နောက်ကျော ပျောက်ကွယ်သွားသည့် စင်္ကြန် အား ကြည့်နေပြီးမှ သူမ၏ ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။
သူမ နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ!
Zhao မားမား ၏ ဂရုစိုက်မှုအောက်တွင် Han Yunxi မှာ သူမ၏ ပင်ပန်းနွမ်းနယ်မှုများအား ဆေးကြောပြီး အပေါ်ထပ်သို့မတက်မီ သူမ၏ ဗိုက်ပြည့်သည့်အထိ စားသောက်လိုက်သည်။ သူမ မျက်လုံးများမှာ သော့ခတ်ထားသော ပြတင်းပေါက်အား မြင်လျှင် ချက်ချင်းဆိုသလိုပင် ရီစရာကောင်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူမအရှက်ရခဲ့တာကို ဘယ်သူသိလဲ။ သူမက သူမ၏ ပေါက်ကွဲသံများအား မဖြေလျော့ခင်တွင် အနည်းငယ် ချောင်းဟန့်ကာ ဆံမြိတ်နှင့် ဆံပင်များ စည်းကာ အခြားသော လှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လိုက်သည်။ ထို့နောက် သူမက လမ်းလျှောက်လာပြီး ပြတင်းပေါက်အား သွက်သွက်လက်လက်ပင် သော့ဖွင့်လိုက်သည်။
