*168* ချီလန်အပေါ်လှည့်စားမှု

6.9K 1.3K 76
                                    

ချီလန့်အမေက ပြုံးကာ
"သူ့လို ချီသန့်အဆင့်ကသူလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေရတာလဲ.. ငါ့သားလို မဟာယာနအဆင့်ကသူကိုတောင် အနိုင်ယူနိုင်တယ်ပေါ့လေ.. ပြောပါဦး.. သူက ဘယ်သူလဲဆိုတာ..အမေ သူ့ကိုဖြေရှင်းပေးမယ်"

ချီလန်က အရက်တစ်ငုံသောက်ကာ ပြန်ဖြေလိုက်သည်။
"သူက ကျင်းရဲ့ရဲ့ကျင့်ကြံဖော်လေ.. ရုန်ယိလို့ခေါ်တယ်"

"ကျင်းရဲ့ရဲ့ ကျင့်ကြံဖော်လား..ဒါဆို နည်းနည်းတော့ ခက်သွားပြီ.. ဒါပေမဲ့ နောက်ပိုင်းသူနဲ့တွေ့ခဲ့ရင် သူ့ကို ဆူပေးမယ်.. ဘယ်လိုဘဲဖြစ်ဖြစ် မင်းက ကျင်းရဲ့ရဲ့ အစ်ကိုကြီးနဲ့ ဆရာတူအစ်ကိုဘဲလေ.. သူ မင်းကို လေးစားမှုလေး နည်းနည်းလောက်တော့ရှိသင့်တယ်"

ချီလန်က နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားပြီး
"ကောင်းပြီ.. အမေ သူ့ကို နည်းနည်းလောက်ပညာပေးပြီး ကျွန်တော့်ရှေ့မှာ လေးစားမှုလေးရှိအောင် လုပ်ပေးလိုက်"

ချီလန့်အမေက ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပြီ..ဟုတ်ပြီ.. အော် ဟုတ်သား.. မင်းကရော ဘာလို့ ကျင်းရဲ့ရဲ့ကျင့်ကြံဖော်ကို သတ်ဖို့လုပ်နေရတာလဲ.. သူနဲ့ ရန်ငြိုးရန်စတွေများ ရှိလို့လား"

ချီလန်က တစ်ခဏလောက်တိတ်ကျသွားပြီးမှ
"မရှိပါဘူး"

"မရှိရင် ဘာလို့ သူ့ကို သတ်ချင်နေရတာလဲ.. မင်း သူ့ကို သတ်လိုက်ရင် ကျင်းရဲ့နဲ့ ရန်သူတွေဖြစ်သွားမှာ မစိုးရိမ်ဘူးလား"

ချီလန်က အသံတိမ်တိမ်နဲ့ ပြန်ပြောလာ၏။
"သူက ကျင်းရဲ့ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချည်းကပ်ဖို့လုပ်နေတယ်လို့ ကျွန်တော်ထင်လို့"

"မင်းက ဒါကို ဘယ်လိုလုပ်ပြီးသိလဲ"

"သူက အရင်က သူ့ဆရာတူအစ်ကိုကြီးကို အရမ်းသဘောကျခဲ့ပြီး သူ့အတွက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင်ကြိုးစားခဲ့တာလေ.. ဒါပေမဲ့ ကျင်းရဲ့လည်းပေါ်လာရော သူက ချက်ချင်း ကျင်းရဲ့ဆီ ပြေးဝင်လာရော... အမေရော သူ့လိုလူတစ်ယောက်က ကျင်းရဲ့ဘေးမှာ နေနိုင်မယ်လို့ထင်လား.. သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ရော မထင်မိဘူးလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now