*169* မိစ္ဆာကလေးလေး

7.4K 1.4K 47
                                    

ယင်ကျင်းရဲ့က သူ့ကို ဘာမှမဖုံးကွယ်ထား..
"ကိုယ့်အမေဆီကို စာရေးပြီး သူတို့ မင်းကို နောက်တစ်ကြိမ်ထိခိုက်အောင် လုပ်ခဲ့မယ်ဆိုရင် ကိုယ်မသက်ညှာပေးတော့ဘူးလို့ ပြောခဲ့သေးတယ်.. ပြီးတော့ ကိုယ့်အမေကလည်း အဲ့စာကို အကြီးအကဲတွေကို သေချာပေါက် ပြမှာဘဲ.. ဒါပေမဲ့ အကြီးအကဲတွေက ကိုယ့်စကားကို စိတ်ထဲတောင်မထည့်သလို ကိုယ့်ကိုလည်း သူတို့ရဲ့ သခင်လေးလို့ မသတ်မှတ်ဘဲ မင်းအသက်ကိုယူဖို့ လုပ်ခဲ့တယ်.. ကိုယ့်အမိန့်မနာခံတဲ့သူတွေကို ဘာလို့ ထားထားရဦးမှာလဲ.. ဒါကြောင့် သူတို့ကို လူတစ်ယောက်ရှာပြီး အဆိပ်ခတ်ဖို့ လေ့စိုင့်ကို ပြောလိုက်တည်းက အဆိပ်ဖြေဆေးမပေးဖို့ ဆုံးဖြတ်ပြီးသား.. ဒီလိုဆိုရင် အဆိပ်ဖြေဆေးအတွက် ပထမအကြီးအကဲနဲ့ ဆဌမအကြီးအကဲတို့ကို သေချာပေါက်လွှတ်ကြမှာ.. အဲ့ဒီအခါကျရင် မွမ်းမံခြင်းအင်းကွက်တွေနောက်လိုက်နေတဲ့သူတွေက သူတို့ကို သတ်ပစ်လိုက်နိုင်တယ်.. ဒါပေမဲ့ သူတို့တွေ တစ်လမ်းလုံး အန္တရာယ်ကင်းပြီး လျှို့ဝှက်နယ်မြေထဲပါ လိုက်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး.. ဒါကြောင့် သူတို့ကိုသတ်နိုင်ဖို့ မိစ္ဆာသားရဲကြီးကို အသုံးချလိုက်တာ.. ဒီကနေ ထွက်သွားပြီးရင် မင်းကို ကိုယ့်အမေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်"

ရုန်ယိက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
"ကျန်းမုက ဘယ်လိုလုပ်ပြီး ရုတ်တရက် စွမ်းအားတွေကြီးလာပါလိမ့်လို့ ကျွန်တော်အံ့သြနေတာ.. ဒီတော့ သားရဲကြီးကို တိုက်ခိုက်ဖို့အတွက် ခင်ဗျား တိတ်တိတ်လေး သင်ပေးထားတာပေါ့"

"ကျွန်တော်.. ကျွန်တော်.. ကျွန်တော်ကရော..."
ရုန်ယိခန္ဓာကိုယ်က သူတို့နှစ်ယောက်ကြားကို တိုးဝင်လာပြီး
"မမေ့ကြနဲ့ဦး.. ကျွန်တော်ကမှ ရုန်ယိအစစ်ဆိုတာကို... ခင်ဗျားတို့ ကျွန်တော့်ကို အမြန်နေရာမှန်ရောက်အောင်မလုပ်ပေးရင် ကျွန်တော်တော့ တတိယလူဖြစ်တော့မှာ"

ရုန်ယိမှာ သူ့နဖူးသူကိုင်လိုက်မိပြီး
"ဟုတ်သားဘဲ.. ခင်ဗျားအမေက ကျွန်တော့်ကို လက်ခံပြီဆိုရင် ကျွန်တော့်ခန္ဓာကိုယ်ကရော.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now