အခန်း ၂[U+Z]

4.1K 344 20
                                    


အပြင်၌ ညတို့၏ထုံးစံအတိုင်းမှောင်၍
နေသည်။လ ကပင် သူ၏ ဂျူတီမဟုတ်၍မထွက်ပေ။ ဒေါ်ခင်ပျိုမူလည်း ဂျူတီမှထွက်လာသည်။ ဆိုဖာပေါ်သို့ စိတ်လွတ်ကိုယ်လွတ် လှဲချလိုက်သည်။အလုပ်ပြီးတိုင်း ဆိုဖာပေါ်မှာအိပ်ရတာ ဇိမ်ဟုပင်ထင်လာသည်။တစ်ကယ်လည်း လောကစည်းစိမ်ပင်။

အိပ်ပျော်မည့်ဆဲဆဲတွင် ဟေမာန်က ရုံးခန်းထဲဝင်လာသည်။ပြီးနောက် တစ်ဖက်ရှိ ဆိုဖာပေါ်သို့လှဲချလိုက်သည်။

“ ငါ့လိုကောင်းတဲ့ အထက်လူကြီးကိုရှာကြည့် ”

ဟေမာန်က တခစ်ခစ်နဲ့ရယ်သည်။

“ ဟုတ်ပါတယ်ဟုတ်ပါတယ်။ ဒါကြောင့်လဲ ဒေါ်ခင်ပျိုမူအနားမှာပဲ သံလို မြဲနေအောင်နေနေတာပေါ့ ”

နှစ်ယောက်လုံး သဘောကျစွာ ရယ်မောလိုက်သည်။

“ ဟိုကလေးမရော ”

“ ဒေါက်တာမြတ်လေးသွယ်လား ”

“ အင်း ”

“ သူကဂျူတီဝင်တုန်းပဲထင်တယ် ”

ဒေါ်ခင်ပျိုမူ ခေါင်းငြိမ့်ပြလိုက်သည်။

“ သူကတော်တယ်။ မနေ့က ခွဲစိတ်ခန်းထဲမှာတောင် ငါ့စည်းကမ်းတွေ အကုန်သူလိုက်နာတယ် ”

ဟေမာန်က မျက်ခုံးပင့်ကာ ဟန်ပါပါပြုံးသည်။ဒေါ်ခင်ပျိုမူကသာ မလုံမလဲဖြင့်

“ ငါတစ်ကယ်ပြောနေတာ အလကား
သက်သက်ချီးကျူးနေတာမဟုတ်ဘူး ”

“ ငါကလည်းဘာမှမပြောပါဘူး။သူတော်မယ်ဆိုတာ မြင်ထဲက သိလိုက်တယ်။ ပြီးဝော့ နင်ပြောသလိုပဲ သူ
တော်တော်လှဝာယ် ”

“ ဟုတ်တယ်နော် ငါတောင် နှစ်ခါလေးပဲ တွေ့ဖူးခဲ့ဝာာ။ ခုပြန်တွေ့တော့ သူတအားလှလာတာ ”

“ ဒေါက်တာမြတ်လေးသွယ်က လူနာတွေကြားမှာရော တစ်ခြားဆရာဝန်တွေကြားမှာရော နာမည်ကြီးတယ်။ကြာရင် နင့်တောင်မှီလာဦးမယ် "

“ ဟုတ်လား သူကသိပ်လှတာကိုး ”

“ အဲ့တာလည်းပါတယ်။ သူကနင့်ထက်တောင် တည်တံ့သေးတယ် ”

“ ဟုတ်ပနော် ချီးမွမ်းခန်းကကုန်မယ်မထင်ဘူး ”

နှစ်‌ယောက်လုံး စကားစကိုဖြတ်လိုက်ကြသည်။ဒေါ်ခင်ပျိုမူအိပ်မက်ထဲမှာတော့ မြတ်လေးသွယ် ဘယ်လိုလှကြောင်း၊ဘယ်လောက်လှကြောင်း ဆက်၍ချီးမွမ်းနေလေသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now