အခန်း ၁၇ THE END [U+Z]

5.5K 328 53
                                    

        ဒီရက်ပိုင်းတွေကိုတော့ အချစ်နေ့ရက်များဟုပင်ခေါင်းစဉ်တပ်ချင်သည်။အို ဒီလိုရက်တွေချည်းသာဆိုရင် ခင်ပျိုမူတို့ မသေဆေးစားထားသလိုပဲပေါ့ မသေမှာတောင်စိုးရတယ်။

ဒီအသက်အရွယ်မှာသူ့ကိုစချစ်ခဲ့သည်။စချစ်မိတဲ့အသက်အရွယ်ဟာ လူတစ်ယောက်မှာအချစ်ရှိတဲ့အချိန်ပဲ နောက်ကျတာ စောတာတွေမရှိဘူး အချစ်ကိုစသိတဲ့အချိန်ဟာ အချစ်ကိုစတင်ဖို့ အချိန်ကောင်းပဲဟုခင်ပျိုမူထင်သည်။

တစ်ယောက်ထဲပြန်လည်တွေးကာ တစ်ပြုံးပြုံးလုပ်နေသည်။မြတ်လေးသွယ်က ချစ်တယ်လို့တစ်ခါပြောတိုင်း ခင်ပျိုမူမှာ ရင်တဖိုဖို။ခဏခဏကြားရသော်လည်း မငြီးငွေ့နိုင်။

လူနာကြည့်ရင်း မြတ်လေးသွယ်နဲ့ မျက်လုံးချင်းခိုးဆုံကာ အမူအရာဖြင့်စကားပြောရသည်ကပင် အရသာတစ်ခုလိုဖြစ်နေသည်။

ခွဲစိတ်ခန်းဝင်သည့်အခါတွင်လည်း လက်ကအရင်လို ကောင်းကောင်းမထိန်းချုပ်နိုင်တော့သော်လည်း မြတ်လေးသွယ်နဲ့အတူတူ ခွဲစိတ်ရသည်မို့ စိတ်ကြည်ကာ လုပ်သမျှအဆင်ပြေလာသည်။

နွေးထွေးမှုတွေနဲ့ပြည့်နေသည့် မျက်ဝန်းများဖြင့် ခဏခဏစိုက်ကြည့်သည့်အခါတွင်လည်း ခင်ပျိုမူမှာ နေမတတ်ထိုင်မတတ်ဖြစ်ရသည်။

" တစ်ယောက်ထဲဘာတွေပြုံးနေတာလဲ "

အသံနဲ့အတူ ခါးပေါ်မှ အထိအတွေ့ကြောင့် နဂိုပြုံးနေသော နှုတ်ခမ်းသည် ပို၍တွန့်ကွေးလာရသည်။

" မင်းအကြောင်းတွေးနေတာပေါ့ "

" ဟုတ်လား။ဘာအကြောင်းလဲ "

" မင်းအရမ်းဆိုးတဲ့အကြောင်း "

" ဟွန့် "

မြတ်လေးသွယ်က နှုတ်ခမ်းစူကာ ခါးကိုပိုတိုးဖက်လာသည်။

တစ်ကယ်တော့ချစ်ခြင်းမေတ္တာဆိုတာတစ်ယောက်ပေါ်တစ်ယောက်ဆွဲငင်မှုရှိပြီးတစ်ခြားလူကကိုယ့်အပေါ်ကောင်းနေရင်တောင် သူဆိုးတာကိုပဲလက်ခံချင်နေတယ်ဆိုတာ မြတ်လေးသွယ်မသိဘူးထင်တယ်။

" အလုပ်တွေကျန်သေးလို့လား "

" နည်းနည်းပါ။အိမ်ပြန်ချင်နေပြီလား "

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now