အခန်း ၁၆ [U+Z]

3.6K 315 25
                                    

ညဉ့်ကတစ်ဖြေးဖြေးနက်၍လာသည်။ညကျက်စားသော သတ္တဝါတို့၏ အလုပ်ခွင်ပင်။

ခင်ပျိုမူကဟေမာန့်ကိုစူးစူးရဲရဲစိုက်ကြည့်နေသည်။ကေသီနဲ့ဟေသာကလည်း ခင်ပျိူမူ့ကို ရဲရဲမကြည့်ရဲသလို မျက်တောင်တခတ်ခတ်လုပ်နေသည်။

" ငါ့ကိုပြောပြသင့်ပြီထင်တယ် "

အကုန်လုံးကတိတ်ဆိတ်နေသည်။သူပြောမလို၊ငါပြောမလိုနှင့်။

" နင်တို့လုံးဝမပြောရင် ငါဒီနားမှာပဲတစ်ချိန်လုံးထိုင်နေမယ်။တစ်ရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် "

" ငါတို့ကိုမေးမယ့်အစား ဒေါက်တာမြတ်လေးသွယ်ကိုပဲမေးလိုက်ပါလား "

" နင်ပြောသလိုပဲ‌ပေါ့ဟေမာန် သူကဘယ်တော့မှပြောမှာမဟုတ်ဘူးလေ ငါလဲဘယ်တော့မှသိလာရမှာမဟုတ်ဘူး။ခုတောင် ငါမသိဘူး ငါ့ကိုတစ်ခုခုဝိုင်းပြီးဖုံးကွယ်ထားကြတယ်လို့ သံသယဝင်နေတာပဲရှိတာ "

ခင်ပျိူမူ့အသံကပကတိတည်ငြိမ်နေသည်။မရ ရအောင်မေးမည်ဟုစိတ်ဆုံးဖြတ်ထားသည့်ပုံ။

အမှောင်ထုကတစ်ဖြေးဖြေးအရောင်ဖျော့လာပြီး မနက်ခင်းဟူ၍ရောက်ရှိလာသည်။နံနက်ခင်းဟူသည် အရာအားလုံး၏တစ်နေ့တာအစဖြစ်သော်လည်း တစ်ညလုံးမအိပ်ရသေးသော ခင်ပျိုမူအတွက်တော့ ဘာမှမထူးခြားပေ။

မြတ်လေးသွယ်အိပ်ရာနိုးလျှင်သောက်ရအောင် နွားနို့တစ်ခွက်ကိုဖျော်ကာ အဆင်သင့်လုပ်ထားလိုက်သည်။ပြီးနောက် မြတ်လေးသွယ်အားနှိုးရန် အခန်းထဲသို့ဝင်လာခဲ့သည်။

" နိုးနေပြီလား "

မြတ်လေးသွယ်က ခင်ပျိူမူ့ကို မရဲတရဲကြည့်ကာ စောင်ကိုခေါက်နေသည်။

" အဲ့တာကိုချထားလိုက်ပါ။စကားပြောရအောင် "

" ဟုတ်ကဲ့ပြောလေ "

" ခေါင်းကြည်ရဲ့လား "

" ဟုတ် "

" ဒါဆိုမျက်နှာသွားသစ်။ထမင်းစားပွဲမှာစောင့်နေမယ် "

အချိန်နည်းနည်းကြာပြီးလျှင် မြတ်လေးသွယ်က မျက်နှာရေစက်လက်ဖြင့် ထမင်းစားခန်းဆီသို့ရောက်လာသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now