အခန်း ၁၃ [U+Z]

3.1K 319 32
                                    

" ဆေးရုံအုပ်ကလာခဲ့ပါတဲ့ "

ဟေမာန့်အပြောကြောင့် ဆေးရုံအုပ်ရုံးခန်းသို့ထွက်လာခဲ့သည်။ဆေးရုံအုပ်ရုံးခန်းထဲတွင် ဒေါက်တာထိန်လင်းပါအတူရှိနေသည်မို့ အနည်းငယ်တော့ စိတ်ကသိကအောက်ဖြစ်သွားသည်။

" ထိုင် "

" ဟုတ်ကဲ့ "

" ခုဖြစ်နေတဲ့ပြဿနာတွေကိုဘယ်လိုရှင်းပြမလဲဒေါက်တာခင်ပျိုမူ "

" ကျွန်မမှာရှင်းပြစရာမရှိဘူး။ဒေါက်တာမြတ်လေးသွယ်နဲ့လက်ထပ်ထားတာလည်းအဟုတ်ပဲ။အတင်းအကြပ်ယူထားတယ်ဆိုတာလည်းအဟုတ်ပဲ "

ဒေါက်တာထိန်လင်းကပြုံးနေသည်။ဆေးရုံအုပ်ကို ဒေါက်တာထိန်လင်းက မျက်ခုံးပင့်ပြသည်ကို ခင်ပျိုမူမြင်လိုက်သည်။ဒါဆို ‌ဒေါက်တာထိန်လင်းနဲ့ဆေးရုံအုပ်ကအချိတ်အဆက်ရှိတာပဲ။

" ကျွန်မကို အလုပ်ထုတ်ဖို့ကြံနေတယ်နဲ့တူတယ်။မေ့နေတာလေးသတိပေးလိုက်ဦးမယ် "

ဘယ်ဘက်ခြေထောက်ပေါ်ညာဘက်ခြေထောက်ထပ်တင်‌၍ ထိုင်ခုံလက်ရန်းပေါ်သို့လက်ကိုအသာအယာတင်ကာ ကိုယ်နေဟန်ထားပြင်လိုက်သည်။

" ဆေးရုံအုပ်ရာထူးဆိုတာ ကျွန်မကထောက်ခံပေးထားတယ်ဆိုတာ မမေ့
ကောင်းဘူးနော်။ဒီဆေးရုံမှာကျွန်မရဲ့
အစုဝင်ဘယ်လောက်ပါလဲဆိုတာ မေ့နေပြီထင်တယ် "

" သိပါတယ်သိပါတယ် ဒေါက်တာခင်ပျိုမူဆိုတာဘယ်လိုလူမျိုးလဲဆိုတာ ကောင်းကောင်းသိပါတယ်။ပြဿနာကဘယ်လိုဖြစ်လာတာလဲဆိုတဲ့အကြောင်းရင်းကိုသိချင်လို့ခေါ်လိုက်ရုံပါပဲ ဟဲဟဲ"

ဆေးရုံအုပ်လေသံကချက်ချင်းပြောင်းသွားသည်။ကျိုးနွံသောတပည့်ပမာ ခင်ပျို‌မူရှေ့၌ ဝပ်နေသည်။ဒေါက်တာခင်ပျိုမူကဒေါက်တာထိန်လင်းကို စိုက်ကြည့်ကာ ဟန်ပါပါပြုံးပြလိုက်သည်။

ဆေးရုံအုပ်ရုံးခန်းကနေပြန်လာပြီးနောက်စင်္ကြံလမ်း၌ ဒေါက်တာမြတ်လေးသွယ်နှင့်တွေ့လေသည်။

" ဒေါက်တာမြတ်လေးသွယ်။အရမ်းကျေးဇူးတင်ပြီး ပျော်ရွှင်ခဲ့ရပါတယ် "

ထိုမျှသာပြောပြီးနောက် ထွက်လာခဲ့သည်။အိမ်တစ်လုံးထဲတွင်အတူတူနေနေကြသော်လည်း ယခင်ကမှ အခန်းတူတူနေကြသေးသည် အခုတော့ တစ်ယောက်တစ်ခန်းစီခွဲလိုက်သည်။မြတ်လေးသွယ်က စကားမပြောသလို ခင်ပျိုမူကလည်းစကားမပြော။အိမ်တစ်ခုထဲတွင် နှစ်‌‌ယောက်ထဲသာနေပြီး တစ်‌ယောက်နဲ့တစ်ယောက်မတွေ့အောင်ရှောင်ကြသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now