intro

9K 467 67
                                    

(Unicode)

"ဦး ထယ်ထယ့်ကို ဖိနပ်ကြိုးလေးချည်ပေးပါလားထယ်မချည်တက်လို့ "

မင်ဆိုဟီးကိုရှေ့မှာထားပြီး သူနဲ့စေ့စပ်ထားတဲ့ဘဲဖြစ်သူကိုဦးဦးဖျားဖျားခိုင်းစားတာမြင်ရလျှင် ဆိုဟီးမျက်နှာတစ်ခုလုံးရေနွေးအိုဆူနေသလိုနီရဲတက်လာသည်။

" ဦး​ရေ~~ချည်​ပေးမယ်မလားဟင်ထယ်ထယ်ကမလုပ်တက်လို့ပါ "

ကင်ထယ်ယောင်းရဲ့ ချစ်ဖို့ကောင်းမှု့တွေမှာမနေနိုင်တော့တဲ့သူ့ဦးဂျွန်ကတော့ ချက်​ခြင်းပဲဒူးတစ်ဖက်ထောက်လိုက်ကာ ဖိနပ်ကြိုးကိုသေချာချည်ပေးနေချိန်

အပေါ်တွင်မျက်လုံးချင်းစစ်တိုက်နေသော ဆိုဟီးနဲ့ ထယ်ယောင်း

အဟင်း...နင်တို့မိန်းမတွေပဲ မာယာများတက်တယ်လို့ထင်နေတာလား။

မိန်းမမာယာသည်းကိုးဖြာဘဲရှိတယ်ဆိုတာ ယောကျာ်လေးတွေ ရဲ့မာယာကို စာမဖွဲ့နိုင်သေးလို့ဆိုတာသိခဲ့သင့်တာကို ကျွတ်စ် ။

ဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကျေးပဲ... ရည်းစားလေ မိန်းမ မှမဟုတ်တာ။

စနှိုက်ကျော်တာမဟုတ်ဘူး လိုချင်တာကိုရအောင်ယူတာသဘောပေါက်အဒေါ်ကြီး

ကင်ထယ်​​ယောင်းရဲ့ မဲ့ ပြုံးအားနားလည်သဘောက်ပေါက်သော ဆိုဟီးကလည်း ဒေါသထွက်ရလွန်းလို့မျက်နှာကြီးပေါက်ထွက်မတက်

ဟားးး ။ဒီကောင် ငါ့ကိုဘာအကြည့်မျိုးနဲ့ကြည့်နေတာလဲ

နင့်လင်ကိုနင့်ရှေ့မှာပဲ စနှိုက်ကျော် ပြမယ်ဆိုတဲ့အကြည့်နဲ့ အားးးဒေါ သထွက်လိုက်တာ ။

"ပြီးပြီ ထယ်...ကလေးကျနေရောဘဲ ဖိနပ်ကြိုးတောင်မချည်တက်ဘူးကွာ "

အသည်းယားစွာဖြင့်ကင်ထယ်ယောင်းရဲ့ပါးနှစ်ဖက်ကိုဖျစ်ကာ ရည်းစားဖြစ်သူရှေ့ခွေးစာကျွေးနေတဲ့ဘဲကြောင့် ဆိုဟီးသရုပ်မှန်တွေကပေါ်ထွက်လာလေပြီ

"ဘာကလေးလဲ စောက်သုံးမကျမကျဘူးပေါ့ ယောကျာ်းဖြစ်ပြီးဖိနပ်ကြိုးတောင်မချည်တက်ဘူး"

ဒေါသကိုမထိန်းနိုင်တော့တဲ့ဆိုဟီးက လူကြီးလူကောင်းမဆန်တဲ့အပြုအမူကိုပြုလျှင် ဂျွန်ဂျောင်ကုနှခေါင်းရှံ့သွားရသည်။ သူနဲ့စေ့စပ်ထားတဲ့အမျိုးသမီးဟာဒီလိုအကျင့်စရိုက်မျိုးဖြစ်နေသည်တဲ့လား။

 𝘔 𝘈 𝘙 𝘈 (rest)Where stories live. Discover now