Mara-9

1.7K 223 19
                                    

ခပ်ငြိမ့်ငြိမ့်ပေါ်ထွက်နေတဲ့သံစဥ်နဲ့ ဝီစကီတစ်ခွက်ကိုကိုင်ရင်းလူကြီးလူကောင်းကိုပြုမူနေကြတဲ့လူတွေ

စိတ်ကျဥ်းကျပ်စရာကောင်းလွန်းပြီး ငိုက်မြည်းလူ့မတက်ဖြစ်နေတဲ့သူ့စိတ်ကြောင့်ဒီပွဲကနေအမြန်ဆုံးထွက်သွားချင်မိပြီ

ဒါပေမယ့် ဒီကိုခေါ်လာဖို့အတင်းပြောခဲ့တာလဲသူကိုယ်တိုင်ဘဲမလား?

" ဦးJeon...Taeကိုလည်းခေါ်သွားပါ မဟုတ်ရင်ဒီအိမ်မှာပျင်းလွန်းလို့သေလိမ့်မယ် ပြီးတော့တစ်ယောက်တည်းလဲမနေရဲဘူး ခေါ်သွားပါနော်... နော်လို့ဦးJeon"

shit! သောက်ကျိုးနည်းKim Taehyungရေ ဒါကိုယ့်သေတွင်းကိုယ်တူးတာပါဘဲ

ဘာလို့ဒီလောက်ထိပျင်းဖို့ကောင်းလိမ့်မယ်လို့​ကြိုမတွေးမိတာလဲ

လွန်ခဲ့တဲ့ နှစ်နာရီလောက်ကိုသာပြန်သွားလို့ရမယ်ဆို ကိုယ့်ကိုအသိဝင်အောင်နာရင်းအုပ်မိမှာ

ဟိုကောင်တွေနောက်သာလိုက်သွားရင်စော်လေးတစ်ပွေလောက်ပေါင်ပေါ်ရောက်နှင့်နေလောက်ပြီကို..။

" ရှာလိုက်ရတာကိုကိုရယ်...နောက်တစ်ခါမပြောမဆိုဘဲနဲ့အဲ့လိုထွက်မသွားပါနဲ့ "

Classy သံစဥ်တွေကြောင့်ငိုက်မြည်းလုမတက်ဖြစ်နေတဲ့သူ့မျက်လုံးတွေပြူးကျယ်ကုန်ပြီး တစ်ကျိုက်ထဲမော့ထားတဲ့ဝီစကီတွေပါပါးစပ်ထဲကပြန်ထွက်ကုန်သည်...။

ဒါ!...ဒါ!..ဟိုမိမစစ်ဖမစစ်လေး Yuji!

" Yu...Yuji ကဘလိုလုပ်ပြီးကိုယ့်ကိုရှာနေတာလဲ "

" လွမ်းလို့လေ ကိုကို့မျက်နှာလေးမမြင်ရတာကြာတော့လွမ်းလာလို့...လာပါကိုကိုရယ်မမကကိုကို့ကိုခေါ်ခိုင်းလိုက်တယ် "

ပါးစပ်ထက်လက်က ပိုမြန်နေတဲ့ထိုကလေးမကTaehyungလက်ကိုချိတ်ထားနှင့်ပြီးပြီ

ဒီလိုရဲတင်းတဲ့မိန်းကလေးမျိုးကိုTaehyung အများကြီးကြုံခဲ့ဖူးပြီးသား ဒါပေမယ့်Min Soheeရဲ့ညီမ Min Yujiကတော့လုံးဝကိုမတူဘူး

Min Soheeနဲ့ဆို ဆန့်ကျင်ဘက်မျိုးဖြစ်သည်။

အနေတည်ပြီးမာနခေါင်ခိုက်နေတဲ့ထိုမိန်းမရယ် မျောက်နဲ့တူတဲ့ညီမရယ်လိုက်တော့လိုက်ဖက်သားဘဲ

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now