" မောနင်းပါ ဦးJeon "
တစ်ယောက်တည်းနေလာတာကြာပြီဖြစ်တဲ့Jungkookက ရုတ်တရက်သူငယ်ချင်းရဲ့သားကိုအိမ်ပေါ်ခေါ်တင်ထားရလျှင်ကမောက်ကမတွေစဖြစ်တော့သည်။
ပုံမှန်တိုင်းဖြတ်သန်းနေကြမနက်ခင်းဆို Company သွားဖို့ပြင်ဆင်ပြီးသည်နှင့်မနက်စာတောင်မစားဘဲတန်းသွားနေကြ
အခုတော့ စိမ်းဖန့်ဖန့်မျက်ဝန်းတွေနဲ့ပြုံးပြကာသူ့ကိုစောင့်နေတဲ့ကလေးကိုမြင်တော့မှသူတစ်ယောက်တည်းမဟုတ်တော့မှန်းအသိကပ်လာသည်။
မနက်စာ စားလေ့မရှိတဲ့သူ့အကျင့်ဟာအခုတော့အခတ်တွေ့ချေပြီ ။ သူကတော့အကျင့်ဖြစ်နေပြီမလို့ပြသနာမရှိပေမယ့် တကယ်တမ်းလိုအပ်သည်က Taeလေးအတွက်ပင်
" မောနင်းTaeလေး ဘာမှမစားရသေးဘူးမလား ကိုယ်ကမနက်စာစားလေ့မရှိတော့ဘာမှမပြင်ဆင်ထားမိဘူး ပြသနာဘဲ "
Company သွားဖို့ပြင်ဆင်ထားတဲ့ဦးJeonက Suitအပြည့်ဝတ်ထားတာမျိုးမဟုတ်ဘဲ Shirt အဖြူကိုမှလက်ခေါက်ကာဝတ်ထားလျှင် တက်တူးအပြည့်နဲ့လက်မောင်းကကြည့်ကောင်းစွာပေါ်ထွက်နေသည်။
ဆံပင်ကိုလဲသာမန်အတိုင်းသပ်တင်ထားပေမယ့် ထူးခြားပြီးကြည့်ကောင်းနေမှု့ကမငြင်းနှိင်
" အာ..ကျနော့်အတွက်ဆိုရပါတယ်ဦးJeon
ကျနော်အပြင်မှာဘဲအဆင်ပြေသလိုစားလိုက်ပါ့မယ် "" အဲ့လိုရလား မဟုတ်လဲဒီနေ့တစ်ရက်လောက်အဆင်ပြေသလိုလုပ်ပေးပါအုံး ။ ကိုယ်နောက်နေ့မှသေချာပြင်ဆင်ပေးပါ့မယ် "
ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးလာတဲ့ထိုလူ
ကလေးလိုခါးပတ်ကအစသေချာပတ်ပေးနေတဲ့အခါ Taehyung ကလေးတစ်ယောက်လိုဆက်ဆံခံနေရမှန်းရိပ်မိသွားသည်။သူဦးJeonရဲ့ကလေးမဖြစ်ချင်ပါ ဖြစ်ချင်းဖြစ်အိမ်သူဆိုရင်တမျိုးပေါ့။
ကားပေါ်မှာရှိနေစဥ်တစ်လျှောက်လုံး Steering wheel ပေါ်မှာရှိနေတဲ့လက်ဖျံစိမ်းစိမ်းလေးပေါ်ဘဲအကြည့်ရောက်နေသည်။ ထူးဆန်းသည် ထိုလူကြီးကိုမြင်မြင်ချင်းကတည်းက သဘောကျမိသွားတာ ဒီလိုတွေကြောင့်နေမည် ။နွေးထွေးလို့လေ။
YOU ARE READING
𝘔 𝘈 𝘙 𝘈
Fanfictionဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကြေးပဲရည်းစားလေ မိန်းမ မှမဟုတ်တာ ။ Kim Tae Hyung ဒီခေတ်ကပိုင်ရှင်ရှိလဲလျှင်သူစားကျေးပဲ... ရည်းစားလေ မိန်းမ မှမဟုတ်တာ ။ Kim Tae Hyung