*170* ပျော်စရာကောင်းတယ်

7K 1.3K 63
                                    

သူတို့ထိုနေရာမှာ သုံးရက်စောင့်ပြီးနောက်မှာတော့ ပုချီ ရှန်းလွီ့နဲ့ တစ်ခြားသူတွေအကုန်လုံး အထဲမှာ ပိတ်မိနေကြရာကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။ ယင်ကျင်းရဲ့ခေါ်လာတဲ့သူတွေလည်း ငါးရာလောက်ကနေ ကိုးရာလောက်အထိ ဖြစ်လာသည်။ သူတို့တွေက မတူညီတဲ့နေရာတွေကို ရောက်သွားကြတာကြောင့် တစ်ချို့က ဒဏ်ရာအပြင်းအထန်ရကာ တစ်ချို့ကတော့ အကောင်းအတိုင်းပြန်ထွက်လာနိုင်ကြလေသည်။

ရှန်းလွီ့က ကျန်းမု ကလေးလေးတစ်ယောက်နဲ့ကစားနေတာတွေ့လိုက်တဲ့အခါ ရုန်ယိကို စလိုက်သည်။
"ဆရာ ကျုပ်တို့ ရက်လေးနည်းနည်းလောက်ဘဲ မတွေ့ရသေးတာကို နောက်ထပ် သားတစ်ယောက် မွေးလိုက်ပြန်ပြီလား"

ရုန်ယိက မျက်ဆံလှန်လိုက်ကာ
"ခင်ဗျားနဲ့ စကားမပြောချင်ဘူး"

ဖျန့်ရှီမှာ ရယ်လိုက်မိ၏။
"မင်းတပည့်တွေက တစ်ကယ်စိတ်ဝင်စားစရာဘဲ"

ပုချီက ပြုံးရင်း ထပ်မေးလာသည်။
"ဒါဆို ဒီကလေးက ဆရာလေးရှောင်ရုန် ခိုးလာတဲ့ မိစ္ဆာကလေးလေးဘဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား"

"ဟုတ်ပ"
ရုန်ယိက သူ့ခန္ဓာကိုယ်ကို လှည့်ပြောလိုက်သည်။
"ငါတို့ ဒီကနေထွက်တာနဲ့ သူ့ကို ပြန်ပို့ပေးဖို့ နည်းလမ်းရှာရမယ်"

"အင်း..အင်း.."
ရုန်ယိခန္ဓာကိုယ်က သူလိုချင်တာကို ဒီကလေးဆီကနေ ရထားပြီးပြီဖြစ်တာကြောင့် ကလေးကို ဆက်ခေါ်ထားစရာမလိုတော့။ ကလေးကို သူနဲ့အတူ ခေါ်သွားချင်သော်ငြားလည်း ကလေးမှာ မိဘတွေရှိသေးသည်။ သူသာ ကလေးကို ခေါ်သွားမယ်ဆိုရင် သူ့မိဘတွေကလည်း သဘောတူကြမှာမဟုတ်ပေ။

သူက ကစားစရာလေးတွေနဲ့ဆော့နေတဲ့ မိစ္ဆာကလေးလေးကို ကောက်ချီလိုက်သည်။
"ငါတို့က သွားရတော့မှာ မင်းလည်း မင်းမိဘတွေကို သွားပြန်ရှာတော့နော်"

မိစ္ဆာကလေးလေးက သူ့မိဘတွေကို သွားပြန်ရှာနိုင်တော့မယ်လို့ ကြားလိုက်တဲ့အခါ မျက်လုံးလေးတွေ တောက်ပသွား၏။

"ဒီလျှို့ဝှက်နယ်မြေကြီးတစ်ခုလုံးက မင်းမိဘတွေရဲ့ မိတ်ဆွေတွေဘဲနေမှာ.. ဒီတော့ မင်းဘာသာမင်း သူတို့ကို ရှာနိုင်မှာဘဲ ဟုတ်တယ်မလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now