(၁)

1K 109 24
                                    

အတွဲ (၁)

ဂဠုန်ငှက်၏ မိုင် ၁၀,၀၀၀ ခရီးရှည်

အခန်း (၁)

ချန်ချန်မှာ *အမည်ခံအသက်အားဖြင့် ၁၀ နှစ်တင်းတင်းပြည့်ပြီဖြစ်သော်ငြား အသက်အရွယ်နှင့်မလိုက်အောင် အလွန်တရာမှ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနှေးကွေးလွန်းသည့်ကလေးတစ်ယောက်ဖြစ်သည်။

(T/N-- *အမည်ခံအသက် (虚岁) - တရုတ်ရိုးရာဓလေ့အရ ကလေးတစ်ယောက်ကို အမေ့ဝမ်းထဲမှ မွေးပြီးပြီးချင်း အသက်တစ်နှစ်လို့သတ်မှတ်ပါတယ်)

မွန်းတည့်ချိန်ရောက်လာလျှင် ၎င်းမှာ ခြံဝန်းအတွင်းမှ ထင်းစည်းများကို အလယ်ဆောင်အတွင်းသို့သယ်ယူပေးရသည်။ ထင်းစည်းတစ်စည်းလုံးကို တစ်ခေါက်တည်းမသယ်နိုင်သည့်အတွက် အသွားအပြန်နှစ်ကြိမ်ခန့်လုပ်ရရှာသည်။ ထို့နောက်တွင်မှ ချွေးများကိုသုတ်ပစ်ကာ စိတ်အေးလက်အေးဖြစ်သွားရှာပြီးသော် ချက်ရေးပြုတ်ရေးအတွက်လုံးပန်းရပြန်သည်။

ယခုရက်ပိုင်း သူတို့အိမ်သို့ ဧည့်သည်တော်များရောက်ရှိလာကြသည့်အတွက် သူ၏ဖခင်ဖြစ်သူမှာ ဧည့်သည်တော်များကို ခရီးဦးကြိုဧည့်ဝတ်ပြုရင်းအလုပ်များလျက်ရှိနေရာ ပန်းကန်ခွက်ယောက်များဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်များဆေးကြောခြင်း၊ ထမင်းချက်ခြင်း၊ မီးမွှေးခြင်း၊ ထင်းခွဲခြင်း အစရှိသည့်အလုပ်များမှာ ချန်ချန်၏ခေါင်းပေါ်သို့လုံးလုံးလျားလျားကျရောက်လာတော့သည်။ ၎င်းမှာ အချိန်မရွေး နေရာမရွေး ခြေကုန်လက်ပန်းကျနေသောလေပွေတစ်ခုကို လွှတ်ထုတ်တိုက်ခတ်နိုင်သည့် ခြေထောက်တိုဝင်နေပြီဖြစ်သော ဂျင်တစ်လုံးအလား အလုပ်များလျက်ရှိနေတော့သည်။

ချန်ချန်မှာ အလွန်တရာအရပ်အမောင်းသေးကွေးလှသောကြောင့် မီးဖိုစင်ကိုလှမ်းမီနိုင်စေကာမူ ဒယ်အိုးကြီးတစ်အိုးကို ကိုင်တွယ်စီမံဖို့ရာအတွက်တော့ မဆိုစလောက်အခက်အခဲရှိနေသည်။ သို့ဖြစ်ရာ သူက အလယ်ဆောင်ထောင့်တစ်နေရာတွင်ထားရှိသော ခွေးခြေခုံတစ်လုံးကိုသွားယူကာ ခြေထောက်အောက်တွင်ခုထားရရှာ၏။

လျို့ယောင်Where stories live. Discover now