(၆)

198 39 3
                                    

အခန်း (၆)

"ချန်ချန်"

ဘာရယ်ကြောင့်မှန်းမသိ၊ ဆရာဖြစ်သူသည် ဟန်ယွမ်းအား 'ရှောင်ယွမ်း' ဟု ခေါ်ဆိုလေ့ရှိသော်ငြား ချန်ချန်ကိုခေါ်ဆိုသောအခါတွင်မူ အမြဲတစေ သူ၏မျိုးရိုးနာမည်ကိုပါ ခေါ်ဝေါ်လေ့ရှိသည်။ ဤသည်မှာ သူ့ကို မျက်နှာသာပေးလိုခြင်းလော၊ မျက်နှာသာမပေးလိုခြင်းလော မသိနိုင်ပေ။ ထိုစကားလုံးတစ်လုံးချင်းစီတွင် အမြဲလိုလို လေးနက်မှုများရောစွက်နေ၏။

ချန်ချန်မှာ မဆိုစလောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ ခေါင်းမော့လာလျက် ဝတ်ရုံလက်အတွင်း၌ သိုဝှက်ထားသောလက်အစုံကို လက်သီးဆုပ်လိုက်မိ၏။

"လာ"

မုချွင်းကျန်းရန်က သူ့ကိုလုံးစေ့ပတ်စေ့အကဲခတ်ကြည့်ရှုလိုက်၏။ ထို့နောက်တွင်မူ မိမိသည် လိုအပ်တာထက်ပိုပြီး လေးနက်တည်တံ့နေကြောင်းသတိပြုမိသွားသည့်နှယ်၊ အနည်းငယ်မျက်လွှာချလိုက်ပြီးသော် သူ့ကိုယ်သူ ဖော်ရွေကြည်သာသော ဖျံတစ်ကောင်ပုံစံမျိုးဖြစ်အောင် တဖန်ထိန်းချုပ်လိုက်ကာ လေသံမှာလည်း မဆိုစလောက်နူးညံ့ပျော့ပျောင်းသွားလေသည်။

"မင်းလာခဲ့"

ပြောရင်းဆိုရင်း မုချွင်းက လက်တစ်ဖက်မြှောက်ကာ ချန်ချန်၏ငယ်ထိပ်ကို အသာအယာပုတ်လိုက်၏။ သူ၏လက်ဖဝါးပေါ်ဝယ် ခပ်ဖျော့ဖျော့အနွေးဓာတ်တို့ရှိနေပြီး တစ်ဆက်တည်းမှာပင် အင်္ကျီလက်အနားဝမှ သစ်ပင်ပန်းမန်ရနံ့များသည် ချန်ချန်ထံသို့ အချိန်နှောင်းစွာ ပျံ့လွင့်ရောက်ရှိလာသည်။

သို့သော် ဤအပြုအမူသည် သူ့ကိုအားပေးနှစ်သိမ့်ရာမရောက်ဘဲ ချန်ချန်မှာ ယခင်အတိုင်းစိတ်လှုပ်ရှားနေဆဲဖြစ်သည်။

ဆရာဖြစ်သူက ဟန်ယွမ်းအပေါ်မှတ်ချက်ပြုလာသည့် 'ကရော်ကမည်နိုင်ပြီး ဖောက်ထွက်တတ်သည်' ဟူသည့်စကားအချို့ကိုပြန်လည်သတိရသွားပြီး စိတ်ထဲ၌ ဂဏာမငြိမ်ဖြစ်စွာ တွေးတောလိုက်သည်။

"ဆရာက ငါ့ကိုဘာပြောမလို့လဲ"

အလောသုံးဆယ်ပင် ချန်ချန်သည် မိမိကဲ့သို့အလောသုံးဆယ်ဖြစ်နေသော သူ့ဘဝတစ်သက်တာကို အစမှအဆုံးတိုင် တစ်ခါတစ်ခေါက် ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။ မိမိ၏အားနည်းချက်များကို အရင်ဦးဆုံး ရွေးထုတ်ကြည့်ပြီး ဆရာဖြစ်သူ ထောက်ပြမလာသေးခင် သူ၏စိတ်နှလုံးကို အဆင်သင့်ပြင်ထားလိုက်လေသည်။

လျို့ယောင်Where stories live. Discover now